ဇောတိကအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီပိုင် မြန်မာဘစ်ရှော့ဈေးဝယ်စင်တာမှ
အလုပ်သမားသုံးဦးသည် အလုပ်စတင် လုပ်ကိုင်စဉ်က ပေးခဲ့ရသော
ဘွဲ့လက်မှတ်မူရင်းကို ပြန်မပေးခြင်း၊ အာမခံကြေးဟုဆိုကာ အလုပ်ထွက်ပါက
တစ်သိန်းခွဲပေးရမည်ဆိုခြင်းတို့ကြောင့် အလုပ်သမားများက တရားဥပဒေအရ
ဆောင်ရွက်သွားမည်ဟု ကာယကံရှင် မခင်သန္တာနီက ပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်များ
ကွန်ရက်ရုံးခန်းတွင် ဇွန် ၁၉ ရက်နေ့ နေ့လယ် တစ်နာရီက သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။၊
“လိုအပ်ရင် အမှုဖွင့်ပြီး တရားစွဲဖို့ စီစဉ်ထားတယ်” ဟု မခင်သန္တာနီက ဆိုသည်။ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ပညာရေး ၀န်ကြီးဌာနတို့ကို တိုင်ကြားသော်လည်း အကြောင်းမထူးဟု ၎င်းကပြောသည်။
အလုပ်လုပ်ပြီး ဘွဲ့လက်မှတ်သိမ်းထား ခံရသူ ၀န်ထမ်းပေါင်း ငါးရာကျော်ရှိသည်ဟု မခင်သန္တာနီက ပြောသည်။၊
“အလုပ်ထွက်တာ နုတ်ထွက်စာ မတင်ဘူး။ အလုပ်ထွက်ရင် တစ်သိန်းခွဲဆိုတာ၊ ၀န်ထမ်းသက်သာချောင်ချိရေးကို ထည့်ခိုင်းတာပါ။ ဘွဲ့လက်မှတ်တွေ သိမ်းထားတယ်ဆိုတာကလည်း ကုမ္ပဏီရဲ့စည်းကမ်းကို အဲဒါမျိုးထည့်ထားတယ်။၊ကုမ္ပဏီရဲ့မူဝါဒ အစကတည်းက ရှိပြီးသားပဲ”ဟု ဇွန်လဆန်းပိုင်းက ဇောတိကကုမ္ပဏီပိုင်ရှင် ဦးခင်လှိုင်က မဇ္ဈိမကို ပြောဆိုထားသည်။
ဇောတိကကုမ္ပဏီက ချုပ်ဆိုထားသည့်စာချုပ်သည် ၂၀၁၃ ခုနှစ် သြဂုတ်လ၊၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းထားသည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း အခန်း၃ ပုဒ်မ ၅ ပါ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီမှုအရ ချုပ်ဆိုထားခြင်းဖြစ်သည်ဟု ဆိုသည်။၊“အဲဒီ သူပြောတဲ့ဥပဒေက မူကြမ်းပဲ ရှိသေးတယ်” ဟု မခင်သန္တာနီက ဆိုသည်။
အဆိုပါ ကုမ္ပဏီတွင် ဖေဖော်ဝါရီလ အတွင်းအလုပ်ထွက်သည့် အလုပ်သမား ဦးရေ ၂၈ ဦးရှိပြီး ဘွဲ့လက်မှတ်မူရင်း တစ်ဦးမှမရခဲ့ဟု ကာယကံရှင် မမေသင်္ကြန် ကလည်းပြောသည်။

Myanmar Kyat Converter
8:35 PM
New Lover

Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment