
အထင်အရှား။ ဤအတွေ့အကြုံ ကတော့ ရန်ကုန်သား တို့အဖို့ အထူး အဆန်း မဟုတ်။ ပြသနာက ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်နေသည်။ ယခင်အစိုးရ လက်ထက် ကလည်း မိုးရွာလျှင် ရန်ကုန်က မြောင်းရေ လျှံသည်။ ယခု အစိုးရ လက်ထက် တွင်လည်း မိုးရွာလျှင် မြောင်းရေလျှံ နေဆဲပင်။ မိုးရွာ၍ မြောင်းရေလေးမှ မလျှံလိုက်လျှင် ရန်ကုန် မဟုတ်ဟု ဆိုရတော့ မလို ဖြစ်နေ သည်။ မြို့တော် စည်ပင်နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပါင်းရေးဆွဲ ထားသော စီမံကိန်း အရ ရန်ကုန်သည် ၂ဝ၃၅ အရောက်တွင် လူဦးရေ ၁ဝ သန်းကျော်ကို လက်ခံထားမည့် ဧရာမ မြို့ကြီး ဖြစ်လာတော့မည်။ အဆင့် ၃ ဆင့်ဖြင့် ဖော်ဆောင်မည့် ယင်း စီမံကိန်း အပြီးတွင်မူ ရန်ကုန်သည် ယခင် မြို့တော် ဝန်ဟောင်း ပြောသလို မိုးရွာလျှင် မြောင်းရေလျှံ ရသည့် သဘာဝမှ လွတ်ကင်းခွင့် ရပေတော့မည်။ ယခု အထိတော့ ရန်ကုန်သည် သဘာဝ ကျကျ ကို မြောင်းရေ လျှံမြဲ။ ယင်း အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်း လှုပ်ရှား သွားလာနေရသူ အချို့၏ အမြင်ကို စုစည်းဖော်ပြလိုက်ပါသည်။
ယာဉ်မောင်း၊ သုံးခွမြို့နယ်
ရန်ကုန်မှာ မိုးတွင်းရေကြီး တာ
နှစ်စဉ်ပုံမှန်ဖြစ်နေတယ်။ ဒီနှစ်တော့ အခုမှ မိုးဦးကျ ဆိုတော့ မပြောတတ်ဘူး၊
မနှစ်က တော်တော်လေး ဆိုးတယ်။ မိုး ရွာလိုက်တာနဲ့ ကားလမ်းပေါ် ရေတင်တာ အကျက
နှေးတယ်။ ရေကြီးလို့ ရေတင်တာ မဆန်းပေမယ့် ရန်ကုန်မြို့က ရေဝင်ရေထွက် ကို
မကောင်းတာ။ မြောင်း တွေပိတ် ဆို့နေတာ့ ရေ စီးရေလာ ဘယ်မှာ ကောင်းနိုင်
မှာလဲ၊ ကျွန်တော်တို့ လည်း ကားမောင်းရတာ အခက်အခဲ ဖြစ်တယ်။ ရေနဲ့ဆိုတော့
ကားကို ဂရုစိုက် မောင်းရတယ်။ ခရီးသည်တွေ လည်း ရေ တွေထဲက အတက်အဆင်း လုပ်ရ
တော့ ချော်ကျတာမျိုးတွေ ဖြစ်တယ်။ အဓိက တော့ မြောင်းတွေကို ပြန်ပြီး
ပြုပြင်နိုင် မှ၊ အနိမ့်ပိုင်းတွေ ဆိုလည်း ရေ မတင်နိုင် အောင် လမ်းတွေကို
ပြန်ဖို့တာမျိုး လုပ်ပေးစေ ချင်တယ်။ ရေကြီးတော့ အဆင်ပြေတဲ့ သူတွေ ပြဿနာ
မရှိပေမယ့် ကျွန်တော် တို့လို တစ်နေ့ လုပ်တစ် နေ့စား ရတဲ့ သူတွေက အခက် အခဲ
အများကြီးဖြစ်ပါတယ်။ မြို့ကြီးတွေမှာ ရေလျှံရေကြီး တာက အားလုံးအတွက်
ဒုက္ခရောက်ပါတယ်။
ဦးထွန်းလှဆိုက်ကားနင်း ဗိုလ်တထောင်မြို့နယ်
ရေကြီးတာ မနှစ်ကထက် ဒီနှစ်ပို ဆိုးမယ်
ထင်တယ်။ တလောက ရွာလိုက် တာ ရေတော်တော် နဲ့ ပြန်မကျဘူး။ ကလေးတွေတောင်
ရေကူးနေကြတယ်။ ကျွန်တော် ဆိုက်ကား နင်းပါတယ်။ မိုးရွာလို့ လမ်းပေါ်တွေ
ရေလျှံရင် အဲဒီ နေ့ ဆိုက်ကား နင်းဖို့ မစဉ်းစားနဲ့ ဘယ်သူမှလည်း
မငှားတော့ဘူး။ သူတို့ ဘာသာ ထမီမ၊ ပုဆိုးမနဲ့ သွားကြတာ ကိုယ့်ဆိုက်ကား ထက်
မြန်ရင်မြန်ဦးမယ်။ အဓိက ကတော့ တာဝန်ရှိသူတွေ ဘက် က အနိမ့်ပိုင်း
ဖို့ပေးပြီး ရေစီးကောင်း အောင် ရေနုတ်မြောင်း ကို သေသေ ချာ ချာလေး လုပ်ပေး
ရင်တော့ ရေတင်လည်း ခဏပဲ။ ကျသွားနိုင်တယ်။ ကျန်တဲ့သူ အတွက် မသိပေမယ့်
ရေကြီးရင် သေချာ တာတော့ လမ်းဘေး ဈေးသည် တွေ၊ ကျွန်တော်
တို့ဆိုက်ကားနင်းတဲ့ သူတွေမှာ အခက်အခဲ ဖြစ်ပါတယ်။ ရောင်းဝယ် မကောင်း၊
သွားဖို့လာဖို့ လည်း မကောင်းဆို လက်လုပ် လက်စား ဘယ်သူက အဆင်ပြေ မလဲဗျာ။
ဗိုလ်တထောင် မြို့နယ် က ရန်ကုန်မြို့ထဲနဲ့ အနီးမှာ ရှိပါတယ်။ ဒီနေရာတွေ ကအစ
မိုးလေး နည်းနည်းရွာလည်း လမ်းပေါ် ရေလျှံနေတာ က ပုံမှန် လိုဖြစ်နေ တယ်။
မြို့အင်္ဂါရပ် နဲ့အညီ ပြုပြင်ပေးဖို့ သင့်ပါ တယ်။
နှင်းမိုးလွင်သင်တန်းသူ
အခု သင်္ကြန် ပြီးနောက်ပိုင်း မိုးရွာ တဲ့
မိုးက ရေတော်တော် လျှံတယ်။ အဓိ က ကမြောင်းရေတွေ စီးဖို့ မြောင်းမရှိ တာပဲ။
ရေတွေ လမ်းမပေါ် ရောက်တဲ့ အခါ သွားလာ ရတာ တော်တော်ခက်ခဲ ပါတယ်။
ချိုင့်ခွက်တွေ ရှိတာကို မမြင်ရ တော့ ချော်လဲတာ တို့လည်း ကြုံဖူးတယ်။
အထူးသဖြင့် ရေက တအား ညစ်ပတ် တယ်။ လူရော၊ ကားရော ဒုက္ခရောက် တာပေါ့။
ကားလမ်းတွေ နဂိုကတည်း က ကျပ်သိပ်နေတဲ့ ကြားက ဒီလို ရေတွေ လျှံတော့ ပျက်တဲ့
ကားပျက် ရှေ့ဆက်တိုး မရ။ နောက်ဆုတ် မရနဲ့ တော်တော် ခက်ခဲ ပါတယ်။ အလုပ်ကိစ္စ
လည်း နှောင့်နှေး တယ်။ လူလည်း ပင်ပန်းတယ်။ တကယ့် မိုးတွင်းဆို ဘယ်လို လာမလဲ
မသိဘူး။ ပြီးတော့ အခုလူ သွား ပလက်ဖောင်း တွေကို ကားရပ်နားဖို့ ပါကင်တွေ
လုပ်၊ မြောင်းတွေ ဖော်ပေးတာ ကောင်းပါ တယ်။ ဒါပေမဲ့ မိုးတွင်း ရောက်ခါနီးမှ
လုပ်တော့ မိုးက ရုတ်တရက် ကျတော့ ဒုက္ခ စတော့တာပါပဲ။ ရေကကြီး၊ ရေက
ညစ်ပတ်နေတော့ ဘာမှမမြင်ရဘဲ ပြင် တဲ့ ပလက်ဖောင်းတို့ မြောင်းတို့ ထဲကျနိုင်
တယ်။ ဒါ သိပ်အန္တရာယ် ကြီးတာ။ အကယ်၍ ဒါကို နွေမှာ ကတည်းက ပြင် ရင်
ပိုပြီးတော့ ပြည်သူတွေ အတွက် အဆင်ပြေတာပေါ့။ အခု နေရာ တော် တော်များများမှာ
ရေကြီးတဲ့ အဓိက ပြဿနာ က မြောင်းတွေ ထဲမှာ အမှိုက် တွေ ပိတ်ဆို့ပြီး
ရေစီးလို့မရတာပဲ။ မိုး ရွာမှ မြောင်းစဖော် တာတော့ မကောင်း ဘူးပေါ့။
ဒီမြောင်းတွေ ရေစီးနိုင်ဖို့ အစိုးရ ဘက်က စနစ်တကျ လုပ်ပေး ဖို့၊
ပြုပြင်ပေးသင့်သလို ပြည်သူတွေ ဘက် ကလည်းအမှိုက်ကို စနစ်တကျ ပစ်သင့် တယ်။
တချို့မြောင်းဆို အမှိုက်တွေ မပြည့် ရှိနေတော့ ရေက ဘယ်လိုမှ စီး မရတဲ့ အခါ
လမ်းပေါ် ရေလျှံကျ၊ လျှံကြ တော့ ဒုက္ခရောက်တာ ကျွန်မတို့ ပြည်သူ တွေပဲ
ခံစားရတယ်။
ရှင်မင်းကုမ္ပဏီဝန်ထမ်း
မိုးကအခုမှ စရွာခါစ ဆိုတော့ မနှစ်ကထက်
များမများတော့ မသိနိုင် သေးဘူး။ ဒါပေမဲ့ အခု ရွာခါစလေးမှာ ရေတွေ တော်တော်
လျှံပြီး ကြီးတယ်။ အဓိက ကတော့ မြောင်းတွေ ပိတ်၊ ရေစီး ပေါက်တွေ ပိတ်တဲ့
အခါမှာ လမ်းမပေါ် ကို ရေတွေ လျှံတာတော့ ပိုဆိုးတယ်။ အဲ လိုရေလျှံတဲ့
အခါမှာလည်း သွားလာရ တာ မလွယ် ဘူး။ စိတ်လည်း ညစ်ရ တယ်။ ကားလမ်းတွေ
နဂိုကတည်းက ပိတ်နေတဲ့ အထဲ ရေကြီးတော့ ပိုဆိုးသွား တာပေါ့။ သွားရေး၊ လာရေးက
နဂိုထက် ဆိုးသွား တယ်။ မော်တော်ယာဉ်တွေ လည်း ရေကြီးတော့ ပျက်စီးတယ်။ ရေ
ကလည်း တအား ညစ်ပတ်တဲ့ အခါကျ တော့ ကျန်းမာရေး အပိုင်းမှာ ထိခိုက် တယ်။
အဲဒီရေတွေ ဖြတ် ကူးပြီး အိမ် ရောက်တာနဲ့ ရေနဲ့ ချက်ချင်း ဆေးရ တယ်။
မဟုတ်ရင် ဝဲပေါက်တာတို့ ယား ယံတာ တို့ဖြစ်တတ်တယ်။ အခုအဖြစ် များဆုံး ပြဿနာက
ရေစီးဖို့မြောင်း မရှိ တဲ့ အတွက် ရေတွေ လမ်းမပေါ်ဆိုင်ထဲ၊ အိမ်ထဲ ဝင်တာပဲ။
မိုးရွာခါစတောင် ဒီလောက်ဖြစ်ရင် တကယ့် မိုးတွင်းဆို မလွယ်လောက်ဘူး။ လမ်းတွေ
လုပ်တဲ့ အခါ မြောင်းကို စနစ်တကျ လုပ်သင့် တယ်။ အဆောက် အအုံဆောက်တာ တွေမှာ
ကောင်းကောင်း မကြီးကြပ်၊ မစီမံခဲ့လို့ ရေထုတ် စနစ်တွေ ပျက်စီး ကုန်တာပါ။
အရင် တစ်ပတ်က တာမွေ အဝိုင်းထိပ် က အသစ်ဖွင့်တဲ့ ကုန်တိုက် ဆို
အထဲထဲမှာတောင် ရေကတော်တော် နက်တယ်။ ဒါဘယ်သူ လိုအပ်လဲ ဆိုတာ သိသာပါတယ်။
အဲဒီနေရာ က အမြဲ တမ်းရေကြီး တတ်တယ်လေ။ ဒီလိုရေ တွေကြီး၊ ပြည်သူတွေ
ဒုက္ခရောက်တော့ အစိုးရ ဘက်ကလည်း ဒါကို လုပ်ပေးရ မယ်။ လျစ်လျူရှု လို့မရဘူး။
ကျွန်မ ကြားတာ က အခုအမြန်လမ်း ဆိုရင် ဂျပန်ကို အကူအညီ ယူမယ်လို့ အသံထွက်
နေတယ်။ ကျွန်မ ကတော့ ကိုယ့်နိုင်ငံကို ပဲ အားကိုးချင်တယ်။
အေးနီလာမောင်
ဒီနှစ် မိုးကြီး လားမေးရင် ကျွန်မအ နေနဲ့
ပြောရရင်တော့ ရေတော့ တော် တော်ကြီးတယ်။ ဒါတောင် သင်္ကြန်ပြီးလို့ ရွာခါစမိုး။
တကယ့် မိုးတွင်းရောက်ရင် တော့ မပြော တတ်ဘူး။ တစ်နေ့က မိုးတော်တော်ရွာလို့
အပြင် မထွက်ချင်တာ နဲ့ အိမ်ပေါ်မှာ နေရင်း လမ်းမှာ အသံ ကြားလို့ ရှေ့ထွက်
ကြည့်တော့ မြောင်းထဲ ကို လူကျ သွားတာကို ဝိုင်းပြီး အော်ကြ တာ။ မြောင်းက
ဒီတစ်လျှောက်ပဲ ဖော်ရသေးတယ်။ လမ်းပလက်ဖောင်း ပြုပြင်ရေးနဲ့ လုပ်ကြတာ။ ရေက
တော် တော်နက်တယ်။ ဘာလို့ရေနက်လဲ ဆိုတော့ ဒီတစ်ဝိုက်လေးပဲ ဖော်ရသေး တယ်။
ရှေ့မှာလည်း အမှိုက်တွေက အပြည့် ဆိုတော့ တော်တော် ရင်တုန်သွား တယ်။ ရေတွေ
လမ်းပေါ်လျှံတာ လောက် ဆိုးတာ မရှိဘူး။ ကားမောင်းရင်တောင် ရေတွေနစ် ဆိုရင်
ငါ့ကားဘယ်တော့ ရပ်မလဲ။ ဘယ်တော့ ရေဝင်မလဲ။ နောက်လည်း ပြန်ဆုတ်မရ၊ ရှေ့ဆက်
သွားလည်း ရေတွေ နဲ့ တော်တော် ဒုက္ခ ရောက်ပါတယ်။ တကယ့် မိုးတွင်းကာလ
ရောက်ပြီး ရေကြီးပြီ ဆိုရင်တော့ တော် တော်လေးကို သွားလာရ ခက်ခဲမယ်။
အရင်နှစ်တွေ ဆိုလည်း ဒီ အတိုင်းပဲ။ အဓိက ရေစီးဖို့မြောင်းက အမှိုက်တွေ
ပြည့်တော့ ရေကြီးတာပါ။ ရေစီးမြောင်း သာကောင်း ရင် ရေလျှံစရာ၊ ရေကြီးစရာ
မလိုပါဘူး။ ဒါကို အစိုးရဘက် ကလည်း အမှိုက်ကို စနစ်တကျ နေရာ သတ်မှတ် ပေးဖို့
အချိန်မီ လာသိမ်းဖို့အရေး ကြီးသလို ပြည်သူတွေ ဘက်ကလည်း အမှိုက်ကို သတ်မှတ်
ထားတဲ့ နေရာမှာ စွန့်ပစ် ဖို့၊ လမ်းသွားရင်း မုန့်စားတဲ့ အခါ အမှိုက်ကို
အလွယ်တကူ မပစ်ဘဲ အမှိုက် ပုံးတွေ့မှပစ်။ ဒီလိုဆိုရင် မြောင်းတွေ လည်း
ပိတ်စရာ မလိုဘူး။ ရေလည်းကြီး စရာမရှိဘူး။
ဒေါ်နီလာဝင်းအိမ်ရှင်မ
ရန်ကုန်မြို့ မိုးတွင်း ကတော့ နေရာ
တိုင်းမှာ ရေကြီးတာ ထုံးစံပါပဲ။ ဘာကြောင့် ကြီးတာလဲ ကလေးက အစ သိတာပဲ။ အခု
မိုးတွင်းရောက်ရင် အိမ် အလုပ်၊ စားဖို့သောက် ဖို့ အလုပ်ထက်
ကလေးကျောင်းကြို၊ ကျောင်းပို့ ရတဲ့ အလုပ်က မဟာ တာဝန်ဖြစ်နေတယ်။ မိုးရွာ
ရေကြီးရင် ပိုဆိုးတယ်။ ချော်များ လဲနေမလား၊ မိုးရွာတော့ ရေက တ အား ကြီးရင်
မြောင်းထဲ ကျပြီး ရေစီးနဲ့ ပါသွား မလား။ ကားလမ်းဖြတ်ရင် အမျိုးမျိုးတွေး
နေရတယ်။ ကလေးတွေ အတွက်လည်း အန္တရာယ် ရှိတယ်။ မိဘတွေ အတွက် လည်း အချိန်ပို
ကုန်တယ်။ ပုံမှန် မိုးရွာတာ လောက်ကတော့ ဘာမှ မဖြစ်ဘူး။ အခုမိုးရွာရင်
ရေကြီးတယ် ဆိုတာက မိုးတွင်း တစ်တွင်းလုံးပါပဲ။ သူများနိုင်ငံ မှာလည်း
မိုးတွင်း မိုးရွာတာပဲ။ တစ်ခါ တလေလောက်ပဲ ရေကြီးတာ။ အဓိက ပြဿနာက မြောင်းတွေ
အမှိုက်တွေ ပိတ်ပြီး ရေစီး လမ်းကြောင်း ပိတ်တာပဲ။ ပြီးတော့ မြောင်း
တော်တော် များများက အဖုံးမဖုံးတော့ ရေကြီးရင် ရေကလည်း ညစ်ပတ်တာ နဲ့ဘာမှာ
မမြင်ရတော့ ပို အန္တရာယ် ကြီးတာပေါ့။ ဖြစ်နိုင်ရင် ရေ စီးမြောင်း
သန့်ရှင်းရေး ကို ကိုယ့်အိမ် သန့်ရှင်းရေးလို သဘော ထားစေချင် တယ်။
အစိုးရဘက် ကလည်း အမှိုက် ပုံးကို စနစ်တကျ ထား၊ သန့်သန့်ရှင်း ရှင်းလေး
ရှိပြီ ဆိုရင် ပြည် သူတွေ ဘက် ကလည်း ဒါကို အလေးထားပြီး စွန့်ပစ် ရမယ့်
နေရာမှာ စွန့်ပစ်ရင် မိုးတွင်းရေ ကြီးတဲ့ အန္တရာယ် မကြုံတွေ့ရတော့ဘူး။
ပြီးတော့ မိုးရွာမှ မြောင်းစဖော်တာ လုံးဝကို မလုပ်စေချင်ဘူး။ ဖော်တဲ့လက်
အောက်ငယ်သားတွေ မှာ အန္တရာယ်သိပ် ကြီးတယ်။ မိုးတွင်းကာလ ရေကြီးတဲ့ဘေး မှ
လွတ်ဖို့ အစိုးရနဲ့ ပြည်သူ ပူးပေါင်း မှ တော်ကာ ကျမယ်လို့ ထင်တယ်။
ကိုကျော်လှိုင်ထွန်းကုမ္ပဏီလုံခြုံရေးဝန်ထမ်း
ဒီနှစ်နွေက နေတအား ပူတော့ လူတွေက
မိုးရွာပါ၊ မိုးရွာပါ တောင့်တ ကြတယ်။ တကယ်လည်း မိုးရွာရော နေ ရာတိုင်းမှာ
ရေတွေ နဲ့ ဒုက္ခရောက်တော့ တာပဲ။ စနစ်တွေ က မသေသပ်တော့ ရေတွေ လျှံတယ်။ မိုးက
အရင်နှစ်ထက် မရွာပေမယ့် ရေကတော့ မနှစ်ကထက် ကြီးတယ်။ မြို့လယ်မှာဆို
ဒူးကျော်အ ထိတောင် ရောက်တယ်။ ဒီလိုရေ ကြီးတော့ သွားလာရတာ တော်တော်လေး
အခက်တွေ့တယ်။ ကျွန်တော်တို့က ဘတ်စ်ကား တိုးစီးရတဲ့ ဝန်ထမ်းတွေ ဆို တော့
စိတ်ရော လူရော တော်တော် ညစ် ပြီး ဒုက္ခရောက်တယ်။ ရေကြီး ရှေ့ကား ကပျက်၊
နောက် ကားက ရှေ့ဆက်သွား မရနဲ့ လုပ်ငန်းခွင် ရောက်ဖို့ ၁ နာရီ ၂ နာရီလောက်
ထိ စိတ်ဒုက္ခ ခံစားရတယ်။ စားဝတ်နေရေး အတွက် မလုပ်လို့လည်း မဖြစ်ဆိုတော့လေ။
လမ်းဆင်းလျှောက် ဖို့ ဆိုတာလည်း မဖြစ်။ ရုံးနောက်ကျ တဲ့နေ့ တွေဆိုလည်း
သူဌေး အဆူကလည်း ခံရ သေးတယ်။ ကိုယ်က စောစောထပြီးသွား တာပဲ။ လမ်းပိတ်
ကားပိတ်နဲ့ ဆိုတော့ ဘာမှ မတတ်နိုင်ဘူး။ အလုပ်ကိစ္စတွေ ချိန်းဆိုထားရင်လည်း
ကိုယ်က အနည်း ဆုံး တစ်နာရီ ကြိုထွက်ရတယ်။ အဲဒီ တော့ အလုပ်မှာ အချိန်တွေ
ပိုကုန်ပိုပုပ် သွားတာပဲ။ တကယ့် မိုးတွင်း ကြီးရောက် ရင်တော့ တော်တော်ကို
ခရီးသွား ရတာ နှောင့်နှေး မယ်။ ဒါ ရန်ကုန်မြို့ကိုပဲ ပြော တာပါ။
သက်ဆိုင်ရာတွေ ကတော့ အခု လုပ်နေတာပဲ။ ဒါပေမဲ့ ဒီမြောင်း ဖော် တာက အခုဖြစ်ခု
လုပ်မယ် ဆိုရင် လုပ်တဲ့ လူအတွက် လည်း အန္တရာယ် ရှိတယ်။ သွားလာတဲ့ လူတွေ
အတွက်လည်း အန္တရာယ် ရှိတယ်။ အနည်းဆုံးတော့ နွေမှာကတည်း က ဒီရေစီးမြောင်းတွေ
ပြန်ပြီးတော့ လုပ်စေချင်တယ်။ ဒီနေ ရာ မှာ ပြည်သူတွေ ဘက်ကလည်း ပါဝင်ရမယ်။
စည်းကမ်းနဲ့ အမှိုက်ကို ပစ်သင့် တယ်။ သတ်မှတ်ထား တဲ့နေရာ မှာ ပစ်မယ်
ဆိုရင်တော့ ရေစီးမြောင်း တွေ၊ ရေ စီးလို့ ရမယ်။ အစိုးရကဒါကို ရှေ့က
လမ်းပြဖို့တော့ အရေးကြီးတယ်။
0 မှတ်ချက်ပေးရန်:
Post a Comment