Thursday, June 19, 2014

င်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ် ၄၀/၂၀၁၄)

၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် (၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်) နိုင်ငံတော်သမ္မတ၏
အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

 ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) ဖြင့် ဖွဲ့စည်းခန့် အပ်တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အောက်ပါအတိုင်း တိုးချဲ့ဖွဲ့စည်း၍ ယှဉ်တွဲပါ ပုဂ္ဂိုလ်များအား အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁) သူရဦးမြင့်မောင် (အငြိမ်းစားဝန်ကြီး) အဖွဲ့ခေါင်းဆောင် သာသနာရေးအကြံပေးအဖွဲ့
 (၂) ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး) အဖွဲ့ဝင် သာသနာရေးအကြံပေးအဖွဲ့ (၃) ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစားဆေးရုံအုပ်ကြီး) ကျန်းမာရေးအကြံပေးအဖွဲ့ (၄) ဒေါက်တာဒေါ်ရင်ရင်နွယ် (အငြိမ်းစားယူနီဆက်ဝန်ထမ်း) အဖွဲ့ခေါင်းဆောင် ပညာရေးအကြံပေးအဖွဲ့ (၅) ဒေါက်တာကျော်ရင်လှိုင် ပညာရေးအကြံပေးအဖွဲ့ အဖွဲ့ဝင် (၆) ဦးတင်ထွဋ်ဦး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်) အဖွဲ့ဝင် စီးပွားရေးအကြံပေးအဖွဲ့


 အမိန့်အရ
 ဇော်သန်းသင်း
 အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons