
သူတို့၏ စာအုပ်အမည်မှာ “ပျောက်ကွယ်သွားသော လေယာဉ် ၃၇၀၏ နောက်ကွယ်မှ အမှန်တရား”ဟူ၍ဖြစ်သည်။ ၀ီလ်ဆင်က “ပထမဦးဆုံး ဒီပျံသန်းမှုကို ကျွန်တော်တို့ အသေးစိတ် စူးစမ်းလေ့လာပါတယ်။ လေယာဉ်ရဲ့ လမ်းကြောင်းကလည်း မမှားခဲ့ပါဘူး။ ကျွန်တော်တို့ ယုံကြည်တာကတော့ ဒီလေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ နစ်မြုပ်ခဲ့ရတာပါ”ဟု ဆိုခဲ့သည်။ ထို လေယာဉ်သည် ကွာလာလမ်ပူ လေဆိပ်မှ ခရီးသည် ၂၃၉ ဦးနှင့် ဘေဂျင်းလေဆိပ်သို့ မတ်လ ၈ ရက်နေ့က ပျံသန်းရင်း ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ယခုချိန်ထိ ရှာဖွေ မတွေ့ရှိသည့် အတွက် အဆန်းကြယ်ဆုံး လေယာဉ်ပျောက်ဆုံးမှု အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။



Myanmar Kyat Converter
9:03 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment