သမ္မတပြောခွင့်ရ ဦးရဲထွဋ် ဖေ့စ်ဘုတ်ပေါ်က ထွက်ပြေးသွားပြီဆိုပြီး အွန်လိုင်းလောကမှာ သတင်းကြီးနေချိန်မှာ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဦးရဲထွဋ် ပြန်လည် ထွက်ပေါ်လာခဲ့ပါပြီ
ဖေ့စ်ဘုတ်လောကမှာ ပြန်ပေါ်လာတဲ့ ဦးရဲထွဋ်က အွန်လိုင်းပေါ်က ဘာကြောင့် ပျောက်ကွယ်နေရတယ်ဆိုတာနဲ့ ကောလဟာလ
တွေနဲ့ ပတ်သက်လို့ သူ့ဖေ့စ်ဘုတ်က တဆင့် ပြောထားပါတယ်။
စင်တာ MPC ရှေ့မှာ သမ္မတကို ဆန္ဒဖော်ထုတ်တာကြောင့် သတင်းသမားတွေ ပုဒ်မ ၁၈ နဲ့ တရားစွဲခံနေရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ တဆက်တည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်က သတင်းသမားတွေ အနေနဲ့ သမ္မတ ကို တောင်းပန်ရင် တရားစွဲခံထားရာက က ခွင့်လွှတ်ပေးမယ်ဆို တဲ့
ကောလဟာလအပေါ် တုံ့ပြန်ပြောဆိုထားပါတယ်။
အပြည့်အစုံကို ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြလိုက်ပါတယ်။
ကျွန်တော် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်က ၀ါရှင်တန်တက္ကသိုလ်က အမေရိကန် နိုင်ငံခြား
ရေး မူဝါဒနဲ့ပတ်သက်တဲ့ နှစ်ပတ်ကြာသင်တန်းကို ဇူလိုင်လ ၇ ရက်နေ့က စပြီး တက်ရောက်နေပါ တယ်။ နေပြည်တော်ကနေ ဇူလိုင်လ ၃ ရက်နေ့ထဲက ထွက်ခဲ့ပြီး မိမိလုပ်ငန်းတာဝန်များကို လွှဲပြောင်း
ပေးခဲ့ပြီး ဖြစ်တဲ့အတွက် ပညာသင်ကြားရေးကိစ္စများကိုပဲ အလေးထားဆောင်ရွက်နေခဲ့ပါတယ်။
ဒါ့ကြောင့် Face Book ပေါ်လည်းမရောက်ဖြစ်ပါဘူး။ သတင်းနဲ့ပတ်သက်လို့လည်း ဒီမှာ ရှိတဲ့ အာရ်အက်ဖ်အေ သတင်းဌာနက လာရောက်ဆက်သွယ်လို့တွေ့ဆုံမေးမြန်းခန်း တစ်ကြိမ်လုပ်ပေး ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆဲဗင်းဒေးက လှမ်းမေးလို့ တစ်ခါ ပြန်ဖြေတာက လွဲရင် ဘယ်သတင်းဌာနကိုမှ မဖြေခဲ့ပါဘူး။
ဒီနေ့ညနေမှာတော့ VOA သတင်းဌာနက ဆက်သွယ်ပြီး အင်တာနက်ပေါ်မှာ ကျွန်တော်က သတင်း မီဒီယာများက တောင်းပန်ရင် ကြေအေးမယ်လို့ ပြောတယ်ဆိုပြီးတက်နေကြောင်း ဆက်သွယ် မေးမြန်း လာပါတယ်။
ဒါ့ကြောင့် ကျွန်တော်က ကြေအေးဖို့ပြောတယ်ဆိုပြီး တက်နေတဲ့ သတင်းများ မှန်ကန်မှု မရှိကြောင်း ပြော လို ပါ တယ်။ အဲဒီလိုပဲ မီဒီယာတွေပေါ်မှာ ကျွန်တော်အကြောင်းမှန်းဆရေးသားနေတာတွေ ဟာလည်း မှန်ကန်မှုမရှိကြောင်း၊ တစ်ချို့အင်တာနက်ဆရာကြီးများရေးသလို လူမှုကွန်ယက်မီဒီယာ ပေါ်က ထွက်ပြေး သွားပြီဆိုတာမဟုတ်ကြောင်း တင်ပြလိုပါတယ်။
အခု ပညာသင်ကြားနေတဲ့ ကိစ္စပြီးလို့ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်တဲ့အခါ မိတ်ဆွေများ နဲ့ ပြန်တွေ့ပါ့မယ်။ လောလောဆယ်ဆယ်တော့ ကျောင်းသားလုပ်နေလို့ Face Book နဲ့ ဝေးနေပါဦးမယ်။
အထက်ပါအတိုင်း ဦးရဲထွဋ်က ရေးသားတုံ့ပြန်ထားပါတယ်။
အိမ့်သံစဉ် ~



Myanmar Kyat Converter
9:58 PM
New Lover

Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment