
လူသန်းနှင့်ချီကာ နိစ္စဓူဝအသုံးပြု နေရသော
စုတ်ပြတ်နုံချာလှသည့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်သည်
မြို့နေလူတန်းစားတို့၏ လူ့ဂုဏ်သိက္ခာကိုပင် ထိ ခိုက်စေသည်ဟု ပညာရှင်များက ဝေဖန်နေကြသည့်တိုင် ဝန်ဆောင်မှုက တိုးကောင်းမလာသေး။ သို့သော် ဝန်ဆောင်ခကိုမူ တိုးယူရန် ယာဉ်လိုင်းများက ပြင်ဆင်လာနေကြ ပြီကို တွေ့နေ ရသည်။ ဗန္ဓုလ သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာဦးမျိုးမြင့်က အဓိပတိယာဉ် (အဖြူ) ၃၅ စီးအား ယာဉ်စီးခ ကျပ် ၃ဝဝ တောင်းခံရန် ဇွန် ၁၆ က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့သည်။
မြို့နေလူတန်းစားတို့၏ လူ့ဂုဏ်သိက္ခာကိုပင် ထိ ခိုက်စေသည်ဟု ပညာရှင်များက ဝေဖန်နေကြသည့်တိုင် ဝန်ဆောင်မှုက တိုးကောင်းမလာသေး။ သို့သော် ဝန်ဆောင်ခကိုမူ တိုးယူရန် ယာဉ်လိုင်းများက ပြင်ဆင်လာနေကြ ပြီကို တွေ့နေ ရသည်။ ဗန္ဓုလ သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာဦးမျိုးမြင့်က အဓိပတိယာဉ် (အဖြူ) ၃၅ စီးအား ယာဉ်စီးခ ကျပ် ၃ဝဝ တောင်းခံရန် ဇွန် ၁၆ က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့သည်။
မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က
”ကျွန်တော်တို့ကစီအန်ဂျီမရဘဲ ဒီဇယ်ဆီ နဲ့ ပြေးနေရတော့ ဘယ်လိုမှမကိုက်ဘူး။
တစ်နေ့ကို စီအန်ဂျီနဲ့ဆိုရင် တစ်သောင်းခွဲ၊ ဒီဇယ်ဆီနဲ့ က
လေးသောင်းခွဲကုန်ကျတယ်၊ အဲဒီအတွက် ကျပ် ၃ဝဝ ကောက်ခံဖို့
တင်ပြခဲ့တာပါ”ဟုပြောသည်။ ၎င်းတို့ပြေးဆွဲသော
ယာဉ်တစ်စီး၏တန်ဖိုးမှာဝယ်ယူခဲ့စဉ်က ကျပ် ၄၂၆ သိန်း ရှိခဲ့ပြီး
စွမ်းအင်ဝန်ကြီးဌာနမှ စီအန်ဂျီ မရ ရှိခဲ့ခြင်းကြောင့်
အခက်အခဲဖြစ်ခဲ့ကြောင်း၊ ယင်းယာဉ်စီးခနှုန်းထားအတိုင်း ပြေးဆွဲမည်ဆိုပါက
ယာဉ်ကြောကျပ်လာ သည်နှ င့်အမျှ ယာဉ်ပျက်စီးမှုများခြင်း၊ ယာဉ်ပြင်
ဆင်စရိတ်များလာခြင်း စသည်တို့ကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း
ယင်းကဆက်ပြောသည်။
ပြည်တွင်းရေကြောင်းသင်္ဘောများ၊
ရထားစီးနင်းခနှုန်းထားများ စသည်တို့ပင်လျှင်
အဆင့်ဆင့်တိုးမြှင့်ကောက်ခံနေကြသည့်အလျောက် ဘတ်စ်ယာဉ်စီးခနှုန်း ထားများကို
လည်း သင့်တင့်မျှတသည့်နှုန်းထားများဖြစ်စေလိုကြောင်း ယာဉ်ပိုင်ရှင်များက
သုံးသပ်ကြသည်။ စပါယ်ယာများနှင့် ယာဉ်ပိုင်ရှင်တို့ လိုလားသည့်
ယာဉ်စီးခနှုန်းထားများမှာ ကျပ် ၅ဝ ဖြင့် ပိုင်းဖြတ်သောခရီးစဉ်နှစ်ပိုင်း ကို
ကျပ်၁ဝဝ နှုန်းထားဖြင့် ကောက်ခံရန်ဖြစ်ကြောင်း၊ ယာဉ်လုပ်သားစရိတ်၊
ယာဉ်ပြင်ဆင်စရိတ်တို့မှာ ခရီးသည် ပို့ဆောင် ရေး လုပ်ငန်းများကို
တိုးချဲ့ရန်ခက်ခဲလာရသည့် အကြောင်းအရာတစ်ခုဖြစ်သည်ဟု ၎င်းတို့က
သုံးသပ်ပြောဆိုသည်။
”အခုခေတ် လမ်းဘေးကအိမ်သာတက်ရင်တောင် ကျပ်
၅ဝ နဲ့ မရတော့တဲ့ ခေတ်မှာ သိန်းချီပြီးရင်းထားတဲ့ ဘတ်စ်ကားခကကျပ် ၅ဝ ဆိုတာက
မဖြစ်သင့် တော့ဘူး”ဟု မထသ (၃၁)ယာဉ်ပိုင်ရှင်ဦးကိုကိုနိုင်က ပြောသည်။
ခရီးသည်တင်ယာဉ်ဟောင်းတစ်စီး ဝယ်ယူလျှင်အနည်းဆုံး ကျပ်သိန်း၂ဝဝ ရှိပြီး
ယာဉ်သစ်တစ်စီးဆိုပါက သိန်း ၄ဝဝ ကျော်ရှိကြောင်း၊ ထိုသို့
ရင်းနှီးမြုပ်နှံမှုများသောယာဉ်များအတွက် ခရီးစဉ်တစ်ပိုင်းလျှင် ယာဉ်စီးခ
ကျပ် ၅ဝ သတ်မှတ်ကောက် ခံစေခြင်း မှာ ခေတ်နှင့် မလျော် ညီ တော့ကြောင်း
ယာဉ်ပိုင်ရှင်များက ဆိုသည်။ ကုန်ဈေးနှုန်း၊ ခေတ်စနစ်စသော စကားလုံး
အကာအရံအတားအဆီးတို့ဖြင့် ယာဉ်စီးခကို တရားဝင် တိုးတောင်းရန် ကြိုးစား
မှုမရှိစဉ်ကပင် ခရီးသည်တင်ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားများသည်
ယာဉ်အကူ(စပါယ်ယာ)တို့ ပါးစပ်ထဲတွင်ပင် ခေတ်စနစ်နှင့် အညီပြောင်းလဲနေခဲ့ပြီ
ဖြစ်သည်ကို အထင်အရှား တွေ့နေရပြီ ဖြစ်သည်။။
”၅ဝ(ကျပ်)နဲ့မရတော့ဘူးဗျ။ ဟိုနား
ဒီနားသွားရင် ၁ဝဝ(ကျပ်)ပေး၊ မစီးချင်ရင် နောက်ကားပြောင်းစီးလိုက်”ဟူသော
ခပ်ရင့်ရင့်စကားသံတို့က ရိုးရိုးယာဉ်လိုင်းစီး ခရီးသည် တို့ကို
အေးဓားပြတိုက်သလို ယာဉ်စီးခတောင်းခံနေသော စပါယ်ယာအများစု၏ အသံဖြစ်နေသည်မှာ
ကာလပင် အတန်ကြာနေပြီဟု ခရီးသည်တို့က ဆိုကြသည်။
အထည်ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဝေက
”အန်တီက ငါသွားနေကျ ငါးဆယ်ပဲ၊ ငါးဆယ် ပိုမပေးနိုင်ဘူးဆိုတော့ သူက ဒါဆို
အန်တီက ငါးဆယ်ခိုးစီးနေကျ သူခိုးပဲလို့ပြော တယ်။ အန်တီလည်း စိတ်တိုပြီးတော့
ပြန်ပြောရာကနေတစ်ယောက် တစ်ခွန်းစကားများပြီး အဲ့ဒီကောင်က ကားပေါ်က
အတင်းဆင်းခိုင်းတယ်။ အန်တီကိုလည်း နောက် တစ်ခါ
သူ့ကားပေါ်တက်လာရင်မှတ်မိအောင်ဆိုပြီး ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်တယ်”ဟု
ပြောသည်။
၎င်းအပြင် ကားကိုလမ်းဘေးသို့ ထိုးရပ်ပြီး
ဒေါ်မြင့်မြင့်ဝေအား ကားမှတ်တိုင် မဟုတ်သည့်နေရာတွင် မောင်းချခဲ့ကြောင်း၊
ယင်းကြောင့် ယာဉ်မောင်းနှင့် ယာဉ်အကူအား အရေးယူပေးရန်
သက်ဆိုင်ရာမေတ္တာလှိုင်းအမှတ်(၁)ကားဂိတ် သို့ တိုင်ကြားခဲ့ကြောင်းဆိုသည်။
ဒေါ်မြင့်မြင့်ဝေက ”အဲဒီတော့မှ သက်ဆိုင်ရာကလူကြီးတွေ လာပြီး ပြေ
ရာပြေကြောင်း တောင်းပန်ကြတယ်။ လူတွေအများကြီးရှေ့မှာကွဲခဲ့ရတဲ့
အရှက်တရားအတွက် နောက်ထပ် အန်တီ့လိုပဲ ခရီးသည်တွေ အရှက်တကွဲအ ကျိုး
နည်းဖြစ်ပြီး သူ တို့စော်ကားမခံရဖို့ အန်တီကတော့ လာရှိခိုးတောင်းပန်လည်း
ခွင့်မလွှတ်နိုင်ဘူး။ သက်ဆိုင်ရာကပဲစ ကားပြောမယ် လို့ ပြောလိုက်
တယ်”ဟုယင်းဖြစ်ရပ် ကို ပြန် ပြောပြ သည်။
ထိုကဲ့သို့သော ဖြစ်စဉ်များမှာ
ယာဉ်လုပ်သားများနှင့် ခရီးသွားပြည်သူများကြားတွင် နိစ္စဓူဝတွေ့ကြုံ
နေရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ယာဉ်စီးခနှုန်းထား ထက်ကျပ် ၅ဝ၊ ၁ဝဝ
ပိုမိုတောင်းခံခြင်း၊ ယာဉ်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊
ယာဉ်အရှိန်ပြင်းမောင်းနှင်ခြင်း စသည်တို့ဖြင့် ခရီးသွားပြည်သူများအပေါ်
ဝန်ဆောင်မှုပေးခြင်း ဆို သည် ကား သွေဖည်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။
၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ
ခရီးသည်ထံမှ တိုင်ကြားမှု ၄၇၅ မှုရှိခဲ့ပြီး ယင်းအနက်
ယာဉ်စီးခပိုမိုတောင်းခံမှု ၂၆၂ မှု ရှိခဲ့ကြောင်း မထသ(ဗဟို)မှထုတ် ပြန်ချက်
အရ သိရသည်။ ၎င်းထုတ်ပြန်ချက်ကိုကြည့်ခြင်းအားဖြင့် ယာဉ်စီးခပိုမို
တောင်းခံမှုမှာ ထက်ဝက်ကျော်ရှိသည်ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။
ဆိုရလျှင် ယာဉ်စီးခပိုမိုတောင်းခံခြင်းကို
ယာဉ်နောက်လိုက်များက သူတို့ ၏ တရားဝင်သတ်မှတ်ထားသော အခွင့်အရေးသဖွယ်
အသုံးချနေကြခြင်းပင် ဖြစ် သည်။ သို့သော် ယာဉ်လိုင်းပိုင်ရှင်အချို့ကမူ
ယင်းကို အပြစ်တစ်ခုဟုမမြင်။ စပါယ်ယာများ ယာဉ်စီးခပိုမိုတောင်းခံခြင်းသည်
ခေတ်၏ တောင်းဆိုမှုအရပင် ဖြစ်သည် ဟုဆိုကာ ယာဉ်စီးခ တိုးမြှင့်ရန်
ယင်းတို့၏အသံကို စာမျက်နှာများထက်တွင်ကျယ် လောင်စွာပြောဆိုနေကြသည်ကို တွေ့
ရသည်။
မထသ(၃၁) ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က
”စပါယ်ယာတွေ ယာဉ်စီးခ ပိုတောင်းတယ်ဆိုတာကခေတ်နှင့် မလျော်ညီတော့လို့
ပိုတောင်းတယ်လို့ယူဆတယ်။ အခုလို တိုင်ကြားမှုတွေအရ ပြစ်မှုကျူးလွန်တာတွေ
များလာပြီဆိုရင် အဲဒါဘောင် မဝင်တော့လို့ပဲ”ဟုဆိုသည်။ သို့သော် သူတို့
သတိမထားမိသည် က သယ်ယူ ပို့ဆောင်ရေးသည် ဝန်ဆောင်
မှုလုပ်ငန်းဖြစ်သည်ဆိုသည်ပင်။ ဝန်ဆောင်ခကို တိုးမြှင့်ကောက်ယူရန်
ကြံစည်နေကြ၊ အလိုရှိနေကြငြား သူတို့၏ ဝန်ဆောင်မှုသည် မည်သည့်အ ဆင့်အ တန်း
တွင် ရှိနေ သည်ကို ပြန်လည်စောကြောကြည့်ရန်ပင် သူတို့ စိတ်ကူးမိဟန်မတူ။
ထိုသို့ ယာဉ်လိုင်းများက ခေတ်စနစ်
နှင့်အညီ ယာဉ်စီးခကိုတိုးယူရန် ကြံစည် နေကြ ၊ တရားဝင်မဟုတ်သော ငွေငါးဆယ်၊
တစ်ရာကို အေးဓားပြတိုက်နေကြသော်လည်း ယင်းတို့၏ ဝန်ဆောင်မှုမှာမူ
ယခုအချိန်အထိ အကောင်းဘက်က မည်သို့မျှမှတ်ချက်ပေးမရသေးသည့် အခြေအနေတွင်ပင်
ရှိနေသေးသည်ကို တွေ့နေရတုန်းပင်။
”ကားခေါင်းခန်းကစီးရင် အနည်းဆုံး ၅ဝဝ
ပေးရတယ်၊ နောက်ကထိုင်ခုံ တွေကျတော့လည်း ထိုင်ရတာ ဒူးတောင်မလွတ်ဘူး။
မစီးမဖြစ် နေ့တိုင်းဘတ်စ်ကား ပဲစီးနေ ရတော့ စပါယ်ယာတွေရဲ့
အပြောအဆိုကင်းအောင် ကားခေါင်းခန်းကစီး ဖြစ်တာများတယ်။
ဘာဝန်ဆောင်မှုမှမပြောနဲ့၊ လိုင်းကားစီးရင် စိတ်ဒုက္ခပဲရတာ”ဟု မရမ်း
ကုန်းမြို့ နယ်မှ ဘွဲ့လွန်ပညာသင်ကြားနေသည့် မကေကေက ဆိုသည်။
အထူးကားဟု မည်သို့ပင်ဆိုစေကာမူ
ထိုင်ခုံများက ခရီးသည်များကို စိတ်ကျဉ်းကျပ်မှုအား အဆုံးစွန်ထိ ခံစားရစေရန်
အထူးဒီဇိုင်းဆွဲထားသော ထိုင်ခုံများ တပ်ဆင် ထားသည်။၂ဝဝ ပေးပြီး
နောက်ခုံများတွင် မထိုင်လိုသောသူများအတွက် အထူးတကာ့အထူး ထိုင်ခုံများလည်း
ဘတ်စ်ကားပေါ်တွင် ပါရှိပါသည်။သို့သော် သင် သည် ယော က်ျားသားဖြစ်နေလျှင်တော့
ထိုကိစ္စကို မေ့ထားနိုင်လျှင် အကောင်းဆုံးပင်ဖြစ်မည်။ သို့မဟုတ်လျှင် သင်သည်
အလိုက်ကန်းဆိုး မသိ တတ်သူအဖြစ် ဘတ်စ် ကား ကိုယ်တော်များ၏
ရွှေစိတ်တော်ငြိုငြင်မှုကို ခံယူရပေလိမ့်မည်။ ဤသည်ကလည်း ဘတ်စ်ကားဆရာတို့၏
ပညာခန်းတစ်ကွက်ပင် ဖြစ်သည်ဟု မှတ်သားလိုက မှတ် သားနိုင်ပါသည်။
ထို့ပြင်တဝ သင်ထပ်မှတ်သားလိုပါက
ဘတ်စ်ကားပေါ်က ဟိုကပ်ဒီကပ်စာသားများသည် ဘတ်စ်ကိုယ်တော်များနှင့် လားလားမျှ
မသက်ဆိုင်ဆိုခြင်းပင်။ ဘတ်စ် ယာဉ် လိုင်းများပေါ်တွင် ခရီးသည်များအပေါ်
အပြုံးဖြင့်ဝန်ဆောင်မှုပေးပါ၊ အချင်းအချင်းရိုင်းပင်းကူညီပါ၊
စိတ်ရွှင်လန်းချမ်းမြေ့ပါစေ၊ မင်္ဂလာပါ၊ ဆေးလိပ်မသောက်ရ စသည့် စတစ်ကာများဖြင့်
ကပ်ထားသောစာတန်းများသည် အမှန်တကယ်ပင် ၎င်းအတိုင်း လိုက်နာကျင့်သုံးမှု
မရှိသေးသည်ကို တွေ့ရှိရပေသည်။
ကမ္ဘာ့နာမည်ကျော်
ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲလို အများသူငါ သွားလာနေသော လမ်းများတွင်
ဘတ်စ်ကားချင်းပြိုင်မောင်းမည်၊ ကားပေါ်ကို ခရီး သည်တွေ ဆွဲတင် မည်။
ကားပေါ်ကနေ တွန်းချမည်၊ မှတ်တိုင်တွင် ရပ်ချင်မှ ရပ်မည်။ ဆိုရသော်
စည်းကမ်းမဲ့ခြင်းကို ရှက်စရာကောင်းမှန်း
သူတို့မသိကြတော့။အင်းစိန်မြို့နယ်မှ အလှကုန် အရောင်းဝန်ထမ်း မမျိုးသူက
”စပါယ်ယာ အများစုကတော့ စကားပြောမိုက်ရိုင်းကြတယ်။ အရက်နံ့ ကွမ်းနံ့ကလည်း
နံဟောင် နေတာပဲ။ ယာဉ်မောင်းတွေ ဆိုရင် ဆေးလိ ပ်ကလည်းသောက်သေးတယ်”ဟု သူမ ၏
နေ့စဉ်ကြုံတွေ့နေရမှုအား ဆိုသည်။
ထို့အတူ ယာဉ်စီးခနှုန်းထားများကို ည ၇
နာရီကျော်သည်နှင့် သတ်မှတ်နှုန်းထားထက် နှစ်ဆတိုး ကောက်မှုများရှိသည်ကို
မပြောလိုသော်လည်းနေ့စဉ် ရုံး တက်ရုံး ဆင်းချိန် များတွင် ယာဉ်စီးခတိုး
မြှင့်ကောက်ခံမှု မရှိသင့်ကြောင်း မမျိုးသူက ထပ်လောင်းပြောသည်။
”ပိုက်ဆံပိုပေးရတာက ဘာမှမဟုတ်ပေမယ့် အဲဒီပိုက်ဆံနဲ့တန်တဲ့ဝန်ဆောင်မှု
မျိုးတော့ ရသင့်တယ်လို့ထင်ပါတယ်” ဟု သူမက ပြောသည်။
ယာဉ်စီးခနှုန်းထားများကို ယနေ့ချိန်ထိ
တိုးမြှင့်ကောက်ခံရန်တင်ပြမှုမျိုးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
လက်ခံဆောင်ရွက်ပေးမှုမရှိသေးကြောင်း၊ သို့သော် ခရီးစဉ်
ဆစ်ပိုင်းပိုင်းဖြတ်မှုပေါ် ငွေကျပ် ၁ဝဝ နှုန်းထားသတ်မှတ်ပေးရန် တင်ပြမှုအပေါ်
မထသ(ဗဟို)အပါအဝင် သက်ဆိုင်ရာဌာနများကစိစစ်ပြီး ရန်ကုန် တိုင်းဒေသကြီး
အစိုးရ အဖွဲ့ကခွင့်ပြုချက် ပေးမှုများရှိကြောင်း သိရသည်။
မထသ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က ”အစိုးရအဖွဲ့က
သတ်မှတ်ထားတဲ့ ယာဉ်စီးခနှုန်းထားအတိုင်း သဘောတူညီလို့
သူတို့လက်ခံပြေးဆွဲခဲ့တာပဲလေ။ စပါယ် ယာတွေကို ယာဉ်ပြေးဆွဲခွင့်ကိုအချက် ၁ဝ
နဲ့ညီမှပေးတာပါ။ အခုဖြစ်စဉ်တွေကိုကြည့်ရင် ဘော်ဒါစပါယ်ယာတွေများပါတယ်။
အဲဒါကို ထိန်းသိမ်းကြပ် မတ်မှုလုပ် နေပါ တယ်”ဟုပြော သည်။
ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် ၁၄ နှစ်ကြာ ကုမ္ပဏီအနေဖြင့်
ရပ်တည်လာခဲ့သည့် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ
မန်နေးဂျင်းဒါရိုက်တာဦးမျိုးမြင့်က ”လမ်းပေါ်မှာ ရိုက်ပွဲတွေဖြစ်နေတာ၊
ခရီးသည်တွေ လုတင်နေတာ။ အဲဒါကြောင့် ပိုက်ဆံပေးတဲ့ စနစ်အစား i Pay
ကတ်စနစ်ကို စလုပ်ခဲ့တာ၊ ၅ဝ ရာခိုင်နှုန်းလော က် ပဲ အောင်မြင်သေးတယ်” ဟု
ပြောသည်။
အဆိုပါယာဉ်လိုင်းမှ
ယာဉ်လုပ်သားများအနေဖြင့် ယာဉ်မတော်တဆမှု လုံးဝမဖြစ်စေရေး၊
စည်းကမ်းဟူသမျှလိုက်နာရေး၊ ခရီးသည်များနှင့် ယာဉ်လိုင်းများအ ချင်းချင်း
အပေါ်တွင် ဆက်ဆံရေးကောင်း မွန်စေရေးနှင့် ပြိုင်မောင်းနှင်မှု
မရှိစေရေးတို့ကို နေ့စဉ်သင်ကြားပေးကြောင်း သိရသည်။၎င်းနှင့်ပတ်သက်၍
ကြည့်မြင်တိုင် မြို့နယ်မှ NGo ဝန်ထမ်းတစ်ဦးဖြစ်သူက
”ယာဉ်လိုင်းအချင်းချင်းရိုက်ကြပြန်ပြီလို့ ကြားရင် ပါရမီ/အဓိပတိက သူတွေပဲ၊
တကယ်လည်း ဟုတ်တယ်ဗျ၊ သူတို့ ကားအချင်းချင်း ပြိုင်မောင်း ချင်တော့
ခရီးသည်ကို တွန်းချ၊ ဆွဲတင်လုပ်ကြတယ်။ခရီးသည်က မှတ်တိုင်ပါရင်တောင်
ခင်ဗျားတို့က ပါးစပ်မပါဘူးလား ကြိုအော်ထားတာပဲလေ၊ နောက်မှတ်တိုင်မှပဲ
ဆင်းတော့တဲ့”ဟုနေ့စဉ်ကြုံတွေ့ရသည်များကို ပြန်ပြောပြသည်။
နိုင်ငံတကာတွင် ကတ်စနစ်ထားရှိ သောကြောင့်
စပါယ်ယာနှင့်ဆက်ဆံရန် မလိုတော့ဘဲ လိုရာခရီးကိုအဆင်ပြေချော
မွေ့စွာရောက်ရှိကြောင်း၊ ကုမ္ပဏီအနေ ဖြင့် ပို့ေ ဆာင်ရေးလုပ်ငန်းများကို
ဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်သည့်စနစ်တစ်ခုဖြစ်ကြောင်း
အငြိမ်းစားသံအမတ်တစ်ဦးက နိုင်ငံတကာ၌ လေ့လာတွေ့ရှိချက်များကို သုံး သ
ပ်ပြောသည်။
G 2000 ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်
ဦးမျိုးဝင်းက ”ယာဉ်စီးခကို အနည်းဆုံး ၁ဝဝ သတ်မှတ်ပြီးပြေးဆွဲရင်
ဝန်ဆောင်မှုကိုလည်း ကောင်းကောင်းပေးနိုင်မှာပါ”ဟု ဆိုထားသ ည်။ သို့သော်
ယခုလို ဝန်ဆောင်ခတိုးမြှင့် ကောက်ခံရန် ကြံစည်မှုသည်
ပထမဆုံးအကြိမ်မဟုတ်သည်ကို သူသတိမူမိဟန်မတူ။
တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်က
မြန်မာနိုင်ငံတွင်ယာဉ်လိုင်းများအနေဖြင့် စီးပွားရေးကိုဦးတည်ကြပြီး
ဝန်ဆောင်မှုကို နောက်တွင်ချန်ထားကြောင်း၊ မထသ အား ယာဉ် လိုင်းများကို
စီမံခန့်ခွဲနိုင် ရန်နေရာပေးထားသော်လည်း ပြည်သူအကျိုးပြု
ခရီးသွားလုပ်ငန်းကိုမလုပ်ဆောင် နိုင်ကြောင်း၊ နိုင်ငံတကာတွင် အစိုးရက
နေရာပေး ထား သည့် အဖွဲ့အစည်းများအနေဖြင့် အခကြေးငွေသက်သာပြီး
မျှတသောဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ကြောင်း
ဆိုသည်။
”ကျွန်တော်တို့ဆီမှာ
ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ပြည်သူအကျိုးကြည့်တာ နည်းပါးတယ်”ဟု သူက ဆိုသည်။
”ဘယ်နေရာမှာဘယ်သူနဲ့ပေါင်းပြီး ဘယ်လိုစီးပွားဖြစ်အောင်
လုပ်ရမယ်ဆိုတာကိုတော့ သူတို့ကောင်းကောင်းသိကြပါတယ်”ဟု ကိုနေမျိုးဇင်က
ပြောသည်။
ထက်ထက်မိုးမြင့်၊ ခိုင်သဇင်ဦး၊ အောင်ဇော်ထူး
0 မှတ်ချက်ပေးရန်:
Post a Comment