Sunday, July 13, 2014

သတင်းမီဒီယာနှင့် ဆက်ဆံရေးကောင်းမွန်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အီးယူ သင်တန်းပေးမည်


သတင်းမီဒီယာများနှင့် ဆက်ဆံရေးအဆင်ပြေစွာ ဆက်ဆံနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေးသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် သူရဦးဘိုနီက ဇူလိုင် ၁၃ ရက် တွင် မဇ္ဈိမကို ပြောသည်။
ယင်းသင်တန်းကို ဥပရောပသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် နိုင်ငံတကာစီမံခန့်ခွဲမှုအဖွဲ့IMG သြဂုတ်လမှစကာ ပို့ချသွားမည်ဟု သူရဦးဘိုနီက ဆိုသည်။
“သင်တန်းစတဲ့အခါ ဘယ်လိုအဆင့်ကနေစပြီး ပေးမယ်၊ ဘယ်လို ပုံစံ မျိုးကို IMG ဘက်က ပေးချင်တယ်။ ဒီဘက်က ဘယ်လိုလက်ခံမယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက ဆက်ဆွေးနွေးနေတုန်းပဲ”ဟု ၎င်းက ပြောသည်။
(International Management Group –IMG) ၏သတင်းနှင့် လူမှုအဖွဲ့အစည်းလုပ်ငန်းဆိုင်ရာ တာဝန်ခံ Mrs. Karin Deckenbach ကလည်း ဇူလိုင် ၁၂ ရက် စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရဲမှူးကြီး နေထွန်းနှင့် တွေ့ဆုံစဉ် ပြောသည်။
IMG သည် နိုင်ငံတကာရှိ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သင်တန်းများ ပို့ချပေးသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဥရောပသမဂ္ဂ(အီးယူ)က ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ မတ်လအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစီမံကိန်းအတွက် ယူရို ၁၀ သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်)ကို အသုံးပြုသွားမည်ဟု ဖေဖော်ဝါရီ ၂၀ တွင် သတင်းထုတ်ပြန်ထားသည်။
အီးယူသည် ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ်၊ လူစုလူဝေးအား စနစ်တကျထိန်းသိမ်းခြင်း အပိုင်းများ၊ ရဲတပ်ဖွဲ့၏ အုပ်ချုပ်ရေးနှင့် တာဝန်ယူမှုစသည်တို့ကို ယင်းအချိန်ကာလအတွင်း စနစ်တကျသင်တန်းပေး၍ လေ့ကျင့်ပေးသွားမည်ဟု ဆိုထားသည်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons