Monday, July 14, 2014

ဓာတ်ကြိုးပြတ်ကျ သေဆုံးမှုများအတွက် ခုံရုံးဖွဲ့စစ်ဆေးမည်



===================
ဓာတ်ကြိုးပြတ်ကျ၍ အ များပြည်သူသေဆုံးမှုများနှင့်ပတ် သက်ပြီး သက်ဆိုင်သူများကိုအ ရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးခုံ ရုံးဖွဲ့စစ်ဆေးဖော်ထုတ်ပြီး အရေး ယူသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင် ဓာတ်ကြိုး ပြတ်ကျပြီးဓာတ်လိုက်သေဆုံးမှု ၁၉ရက်အတွင်း သုံးကြိမ်ဖြစ်ပွား ပြီး လူခြောက်ဦးသေဆုံးခဲ့သည်။
‘‘အဲဒီကိစ္စတွေနဲ့ ပတ်သက် ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တည်းက စုံစမ်းစစ်ဆေးရေးခုံရုံး တွေဖွဲ့ပြီး ဒါတွေကိုစစ်ဆေးဖော် ထုတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူ တွေကို အရေးယူမှုတွေပြုလုပ် သွားမှာပါ’’ဟု အထက်ပါပုဂ္ဂိုလ် ကပြောသည်။
ဇွန် ၂၃ရက်က ကမာရွတ်မြို့ နယ် လှည်းတန်းဈေးအနီးဓာတ် ကြိုးပြတ်ကျရာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
လှည်းတန်းဖြစ်အစဉ်အပြီး ဇွန် ၃၀ရက်တွင် မြောက်ဥက္ကလာပ မြို့နယ်အတွင်း ကန်စွန်းခင်းလုပ် သားတစ်ဦးလည်း ဓာတ်ကြိုးပြတ် ကျ၍ သေဆုံးခဲ့ရသည်။
ဇူလိုင် ၁၁ရက်ကလည်းလှိုင် သာယာမြို့နယ်အတွင်း ၁၅ဈေး တွင်ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ် ကျမှုကြောင့် ဈေးဝယ်လာသူအ မျိုးသမီးသုံးဦးသေဆုံးပြီးကလေး ငယ်တစ်ဦးဒဏ်ရာရရှိခဲ့သည်။
‘‘အခုတာဝန်ယူမှုအတွက် စလုပ်နေပြီဆိုတော့ ဘာမှမလုပ် တာထက်စာရင်ကောင်းသွားတာ ပေါ့။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တော့ တဖြည်းဖြည်းနဲ့ တိုးပြီးလုပ် ဆောင်ပေးလာတာတွေရှိရင် အများပြည်သူအတွက်လည်း ကောင်းသွားပါတယ်’’ဟု တရားရုံးချုပ်ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။
သက်ဆိုင်ရာဝန်ကြီးဌာနက ပထမပိုင်းတွင် နာရေးကိစ္စတာ ၀န်ယူမှုမျှသာ ပြုလုပ်ပေးရာမှ နောက်ပိုင်းတွင် လျော်ကြေးငွေကိစ္စတာဝန်ယူလာပြီး ယခုအခါ သက်ဆိုင်သူများကို အရေးယူမှု များ ပြုလုပ်ရန် စီစဉ်လာခဲ့သည်။
ဓာတ်ကြိုး ပြတ်ကျမှု ကြောင့်သေဆုံးမှုများတွင် သက် ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာန၌တာဝန်ရှိပြီး တာဝန်ရှိသူများပေါ့ ဆမှုကြောင့်သေဆုံးရခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄(က)ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ဦးခင်ဇော်ကဓာတ်ကြိုးပြတ်ကျ၍ ပြည်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ပြောသည်။ ဓာတ်ကြိုးပြတ်ကျ၍ သေ ဆုံးမှုများဖြစ်ပေါ်ပြီးနောက်ဓာတ် ကြိုးလဲလှယ်ရန်လိုအပ်သည့် ရန် ကုန်မြို့မြို့နယ်အချို့ရှိဓာတ်ကြိုး များကို ဇူလိုင်လဆန်းမှစ၍ သက် ဆိုင်ရာက အသစ်လဲလှယ်တပ် ဆင်ပေးလျက်ရှိသည်။ ရန်ကုန်မြို့ တွင် လျှပ်စစ်ကြိုးများအရေးပေါ် အစားထိုးရန် ကျပ် ၃၇ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
============
သိမ့်သိမ့်စိုး
7Day News Journal

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons