Sunday, July 13, 2014

တောင်အမေရိကမြေမှာ ချန်ပီယံဆုရတဲ့ ပထမဆုံးဥရောပအသင်း




အာဂျင်တီးနား ၀-၁ ဂျာမနီ
....................ဂေါ့ဇီ(၁၁၃မိနစ်)
(၁၉၉၀)အီတလီကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ အာဂျင်တီးနားကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဂျာမနီဟာ
(၂၄)နှစ် အကြာမှာလည်း ဂေါ့ဇီရဲ့ အချိန်ပို သွင်းဂိုးကြောင့် အာဂျင်တီးနားကို အနိုင်ရပြီး (၄)ထပ်ကွမ်း ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် အောင်ပွဲ ခံနိုင်ခဲ့ပြန်ပါတယ်။ ဒါဟာ တောင်အမေရိကမြေမှာ ဥရောပအသင်း တစ်သင်း ပထမဆုံး ချန်ပီယံဖြစ်ခဲ့ခြင်းပါပဲ။
ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး အကောင်းဆုံးဆုတွေကို ဆက်လက်ချီးမြှင့်ခဲ့ရာမှာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု(ရွှေဘောလုံးဆု)ကို မက်ဆီ၊ အကောင်းဆုံး ဂိုးသမားဆု(ရွှေလက်အိတ်ဆု)ကို နူအာနဲ့ အကောင်းဆုံးလူငယ် ကစားသမားဆုကို ပေါ့ဘာတို့ ရရှိခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားဆု(ရွှေဖိနပ်ဆု)ကိုတော့ ကိုလံဘီယာ တိုက်စစ်မှူး ဂျိမ်းရိုဒရီဂွက်ဇ်က သွင်းဂိုး(၆)ဂိုးနဲ့ ရရှိသွားခဲ့ပါတယ်။
@z (ရိုးရာလေး)

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons