
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ညက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့ နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည် ဆိုင်မှာ ထမင်းချက် လုပ်ကိုင်နေတဲ့ မစိုးစိုး (ဗုဒ္ဓ ဘာသာဝင်) မိန်းခလေးကို ဆိုင်ပိုင်ရှင် ကိုဆန်းမောင် (မွတ်ဆလင်/အစ္စလာမ်) နှင့် ညီဖြစ်သူ ကိုနေ၀င်း (မွတ်ဆလင်/အစ္စလာမ်) တို့ ညီအစ်ကို နှစ်ဦးက လိမ်လည် လှည့်ဖျားပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ညက လ္ဘက်ရည်ဆိုင် ပိတ်ချိန်မှာ ၁၈/၁၉ လမ်း၊ ၈၀/၈၁ လမ်းနေ ဆိုင်ရှင်ကိုဆန်းမောင် နှင့် ကိုနေ၀င်းတို
့ကားအဖြူရောင်နှင့် ရောက်ရှိလာပြီး နေပြည်တော်မှာ လ္ဘက်ရည်ဆိုင် ဖွင့်ရန် လိုက်ခဲ့ဖို့ ပြောကာ မစိုးစိုး အား ယာဉ်နောက်ခန်းမှာ တင်ဆောင် မောင်းနှင် ခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၉ရက်နေ့ နံနက် ၁ နာရီခန့် မှာတော့ ပျဉ်းမနားမြို့ ယောက်သွားအင်း ရပ်ကွက် တော်ဝင်နန်းတော် ဟိုတယ် အနီး ကားလမ်းဘေးမှာ ကားရပ်နားကာ ဆန်းမောင်မှ ယာဉ်နောက်ခန်းကို ရောက်ရှိလာပြီ မစိုးစိုး အား တောင်းပန်နေသည့် ကြားက အဓမ္မတကြိမ် ပြုကျင့်ခဲ့ပါတယ်။
အဲဒီနောက် ဆန်းမောင် ကားရှေ့ခန်း ပြန်သွားပြီ နေ၀င်း ထပ်မံရောက်လာကာ အဓမ္မ တကြိမ် ထပ်မံပြုကျင့်ခဲ့ပြန်ပါတယ်။
အဲဒီနောက် မြင်းရတနာ မီးပွိုင့်အလွန်မှာ ကားရပ်ပြီး မစိုးစိုးကို ဆင်းခိုင်းကာ ကားမောင်းနှင် ထွက်ပြေးသွားကြောင်း သိရပါတယ်။
အဆိုပါ အမှုကို ပျဉ်းမနား ရဲစခန်းမှာ အမှုဖွင့်လှစ် ထားပြီ ထွက်ပြေးသွားတဲ့ တရားခံ ညီအစ်ကို ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရပါတယ်။



Myanmar Kyat Converter
8:46 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment