Friday, July 4, 2014

တိုက်ပွဲအတုများနှင့် ချောက်ကမ်းပါးပေါ်က နိုင်ငံ


မနက်ဖြန်ဆိုလျှင် ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီးမြို့ကြီးများတွင် သန်းပေါင်း (xxxx)တန်ကြေးရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးတော့မည်။ သတင်း မီဒီယာ များ၏ ကင်မရာမီးရောင် တဖျပ်ဖျပ်ရှေ့မှအစိုးရအရာရှိကြီးများ၊ နိုင်ငံတကာသံတမန်များက လက်ခုပ်တဖြောင်းဖြောင်းနှင့် နှစ်ထောင်းအားရဖြစ်နေဟန်ကို အစိုးရပိုင် သ တင်းမီဒီယာများ၏ မျက်နှာဖုံးထက်တွင် တွေ့ရတော့မည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် တစ်နိုင်ငံလုံးမှ ဖမ်းဆီးသိမ်းဆည်းထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးပြခြင်းဖြင့် မြန်မာနိုင်ငံသည် မူး ယစ်တိုက် ဖျက်ေ ရးကို တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေကြောင်း နိုင်ငံတကာသို့ သတင်းစကားပါးခြင်းသည် အစဉ်အလာတစ်ရပ်ကဲ့သို့ပင်ဖြစ်နေသည်မှာ ဆယ်စုနှစ်အတော် များ များ ကြာခဲ့ပါပြီ။
မနိုင်သော တိုက်ပွဲလား
သို့သော်  ပြည်ပမီဒီယာများက
ရေးသားနေဆဲဖြစ်သည့်  မြန်မာသည် မနိုင်သောတိုက်ပွဲကို တိုက်နေရခြင်းလား သို့မဟုတ် မနိုင်အောင်ပင် တမင်တိုက်ပြနေ ခြင်း လား ဝေ ခွဲမရဖြစ်လာစရာ ရှိလာပါသည်။ ၁၉၉၉ ခုနှစ်မှစ၍ မူးယစ်တိုက်ဖျက် ရေး ၅ နှစ် အထူးစီမံကိန်းသုံးကြိမ်တိတိ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း မြန်မာသည် ယင်းစီမံ ကိန်း များ အပြီးတွင်ပင် မအောင်မြင်ဖြစ်ခဲ့ရပြီး နောက်ထပ် ၅ နှစ် စီမံကိန်းတစ်ခု ထပ်တိုးလုပ်ဆောင်နေ ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက တရား ဝင်ပြော ဆိုခဲ့သည်။ ဇွန် လ၁၆ ရက်နေ့ပြည်သူလွှတ်တော်အစည်း အဝေးတွင် ပုသိမ်ပြည့်သူလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်၏ မူးယစ်ဆေးဝါး ပြဿနာ များ လျော့နည်း ကျ ဆင်းသွားရန် နိုင်ငံတော်က မည်ကဲ့သို့စီမံဆောင်ရွက်နေသည်ကိုသိရှိလိုကြောင်း မေးခွန်းအား ပြည်ထဲရေးဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ရာတွင် ထည့် သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
အကြောင်းမှာ ၂ဝဝ၇ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုပမာဏမှာ သိသိသာသာ မြင့်တက်လာသည့် အပြင် နောက်ဆက်တွဲ ပြဿနာရပ် တစ် ခုဖြစ်သော စိတ်ကြွဆေးပြားပြဿနာကိုလည်း ရင်ဆိုင်လာနေရခြင်းကြောင့် ဖြစ်သည်။မူးယစ်ဆေးဝါး တိုက်ဖျက်မှုအတွက်လာမည့်  ၂ဝ၁၉ ခုနစ်အထိ နောက်ထပ် ၅ နှစ် စီမံကိန်းအတွင်း သုံးစွဲမှုပပျောက်ရေး ၊ တားဆီးနှိမ်နှင်းရေးတို့ကို အလေး ထားလုပ်ဆောင်သွားမှာဖြစ်ပြီး ဘိန်းအဓိကစိုက်ပျိုးသည့် ဒေသများဖြစ်သော  ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်နှင့် ချင်းပြည်နယ်များမှ မြို့နယ် ၅၁ မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက် သွား မည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းက လွှတ်တော်သို့ အတည်ပြု ပြောကြားခဲ့သည်။ လွှတ်တော်ကလည်း တိုက်တွန်းသည်။
ဤသည်မှာ ယခုမှမဟုတ်။ ယခင်အစိုးရလက်ထက်ကတည်းက ဆောင်ပုဒ်အမျိုးအမျိုးဖြင့် မူးယစ်ဆေးတိုက်ဖျက်ရေးလှုပ်ရှားမှုအမျိုးမျိုး ရှိခဲ့ပါသည်။ ဖမ်းဆီး မိသည့် မူး ယစ်ဆေးများမီးရှို့ဖျက်ဆီးမှုအကြိမ်ကြိမ်ပင် ရှိခဲ့ပါသည်။ သို့နှင့်တိုင် မြန်မာသည် ယခုအချိန်အထိ  မူးယစ်ပြဿနာကို ပွေ့ပိုက်ထားရဆဲဖြစ်ပါသည်။
ဝေဝါးနေဆဲအဖြေများ
မြန်မာနိုင်ငံတွင် လက်ရှိအစိုးရလက်ထက်၌လည်း  မူးယစ်ဆေးဝါးပြဿနာများ လျော့နည်းကျဆင်းမသွားဘဲ  ပိုမိုတိုးလာနေသော်လည်း အဓိကတာဝန်ရှိသော အစိုးရ၊ လွှတ်တော်နှင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင်သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးတွင် ဤအရေးကို မည်ကဲ့သို့သော ရေတိုရေရှည် မဟာဗျူဟာဖြင့် ကိုင်တွယ်ဖြေရှင်းမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။
”စိုက်ပျိုးမှုက တဖြည်းဖြည်းတိုးလာတယ်ဆိုတာက မိမိတို့မှာ အားနည်းချက်တွေ တစ်နေရာမဟုတ်တစ်နေရာ သို့မဟုတ် နေရာများများမှာ ရှိနေတာဖြစ်တယ်။ ဒါကြောင့်မို့ မိမိတို့ ပြန်လည်သုံး သပ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်”ဟုသာ ပြောဆိုခဲ့သူကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်ပါသည်။  မျက်မှောက်ခေတ် တွင် ပေါ်ပေါက် လာသည့် ပထမဆုံးသောလွှတ်တော်သည် အစိုးရ၏လုပ်ဆောင်မှု ချို့ယွင်းချက်များကို အမှန်တကယ် ထောက်ပြနိုင်ပြီဟု မဆိုသာသေးသောအခြေအနေတွင်သာ ရှိနေ ပါ သေးသည်။
ယင်းကို လွှတ်တော်တွင် ဝန်ကြီး၊ ဒုဝန်ကြီးများက မေးခွန်းများကို တိကျသေချာစွာ ဖြေကြားခြင်းမရှိသေးသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ယခု ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မူးယစ်ဆေးဝါးပြဿနာများ လျော့နည်းကျဆင်းသွားရန် နိုင်ငံတော်က မည်ကဲ့သို့ စီမံဆောင်ရွက် နေ သည် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းခဲ့ရာတွင်လည်း တွန်းတွန်းတိုက်တိုက် မရှိခဲ့ပေ။
ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ”ဒါတွေကိုတော့ အစိုးရအဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့ အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်း တွေ ဒါတွေ တင်မဟုတ်ဘဲနဲ့ နိုင်ငံအတွင်း မှာရှိတဲ့ပြည်သူလူထုပါ အားလုံးပူးပေါင်း ဆောင်ရွက်မှသာ ရေရှည်မှာ ပပျောက် အောင်ဆောင်ရွက်နိုင် မှာဖြစ်ပါ တယ်”ဟု   ဖြေကြား ခဲ့ခြင်း ကို လေ့လာကြည့်လျှင်မြင်နိုင်ပါသည်။
ပန်းပန်နေဆဲရွှေတြိဂံ ပိုကျယ်လာလေသလား
ရွှေတြိဂံဒေသသည် အာရှတွင်သာမက ကမ္ဘာတွင်ပါ မကောင်းမှုဖြင့် နာမည်ကြီးသော ဒေသတစ်ခု ဖြစ်သည်။ ထိုအထဲတွင်မှ မြန်မာသည် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုအများ ဆုံးဟူသောဘွဲ့ထူးကို ရယူထားရုံသာမက အရှေ့ဘက်ရှမ်းပြည်နယ်ရှိ ညီညွတ်သော ဝအမျိုးသား တပ်မတော် (UWSA) သည် အရှေ့တောင်အာရှတွင် အကြီးဆုံး မူး ယစ်ဂိုဏ်းအဖြစ် တံဆိပ်ကပ်ခံခဲ့ရသည်အထိ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံအနေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ငါးနှစ်စီမံကိန်း သုံးကြိမ်ဆောင်ရွက်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့၊ ဤသည်ကို ဒုဝန်ကြီးက အိမ်နီး ချင်းထိုင်းနိုင်ငံကို သက်သေပြုသည်။ နှစ်ပေါင်း ၃ဝ ကြာသည်ဟုလည်း လွှတ်တော်တွင် ဆိုခဲ့သည်။ ထို့ကြောင့် နောက်ထပ်ငါးနှစ်စီမံကိန်း တတိယအကြိမ်သက်တမ်းတိုး ဆောင်ရွက်ခဲ့ရပြီး အခြေအနေအရပ်ရပ်ကြောင့် ယင်းသည်လည်း အလုပ်ဖြစ်မည် မဟုတ်ဟု နိုင်ငံတကာမှ လေ့လာသုံးသပ်သူများသာမက ပြည်တွင်းမှ ဒေသခံတို့ထံမှ ဝေဖန်သံများ ထွက် လာခဲ့သည်။ ဘိန်းစိုက်ပျိုးမှုစသော မူးယစ်ပြဿနာ သည် အစိုးရတစ်ခု၊ လွှတ်တော်စသော မဏ္ဍိုင်ကြီးများတွင်သာ တာဝန်ရှိသည်မဟုတ်။ ထိုဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင်များအပေါ်တွင်လည်းများ စွာမူတည်သည်။ စင်စစ်ဆိုလျှင် မူးယစ် တိုက်ပွဲတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့က အဓိကပလေယာ ဟုပင် ဆိုနိုင်သည်။ သူတို့၏ ရပ်တည်ချက်သည်ပင် ထိုဒေသရှိ မူးယစ်ဆေးတို့၏ အနာဂတ်ပင် ဖြစ်သည်။
လက်ရှိတွင်တော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားမှု သတင်းတို့ကို တွေ့နေရပါသည်။ တပ်မတော်၏ မူးယစ်တိုက်ဖျက်ရေးသတင်းကို အစိုးရပိုင်မီဒီ ယာများတွင် လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တို့၏ ဘိန်းဖျက်ဆီးရေး ဓာတ်ပုံများက နိုင်ငံတကာ သတင်းစာမျက်နှာနှင့် ပြည်တွင်းပုဂ္ဂလိက သတင်း စာများထက် တွင်ေ ဝဝေဆာဆာ တွေ့နေရပါသည် ။
ရွှေသမင်ဘယ်ကထွက် မပျက်သေးသောစကားထာ
သို့နှင့်တိုင် မူးယစ်ဆေးဝါးထုတ်လုပ်မှု လျော့ကျမသွား၊ ပို၍ပင်တိုးလာသည်ဟု နိုင်ငံတကာ အစီရင်ခံစာတို့က ဆိုနေကြသည်။ အကြောင်းအချက်များစွာ အနက်အစိုးရနှင့် အစိုးရမဟုတ်သော အာဏာပိုင်တို့ကိုယ်တိုင် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန်ဖြူးမှုတွင် ပါဝင်နေခြင်းပင် ဖြစ်ကြောင်း သက်ဆိုင်ရာဒေသ ကိုယ်စားလှယ်တို့ ဆိုကြသည်။  မူးယစ်ဆေးအရင်းခံဖြစ်သည့် ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေးသည်ဒေသခံ တိုင်းရင်းသားတို့ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဟု သက်ဆိုင်ရာ အဖွဲ့ အစည်းအသီးသီး က မည်မျှပင်ဆိုနေကြ စေကာမူအသက်နှင့်ရင်း၍ မည်သူမျှ မလုပ်ဆောင်လိုကြပါ။ ဘိန်းစိုက်ပျိုးထုတ် လုပ်မှု တိုက်ဖျက်ရေးတွင် ပြည် သူတွေပူး ပေါင်းပါ ဝင်မှ သာ အော င်မြင်မည်ဆိုပါက ဒေသခံများအနေနှင့် လုံခြုံမှုမရှိ၊ အသက်အန္တရာယ်လည်း စိုးရိမ်နေရသည့်  အခြေအနေမျိုးတွင် မည်သည့်နည်းနှင့်မျှ  ပူးပေါင်းနိုင်မည် မဟု တ်ကြောင်း ရှမ်း ပြည်နယ် မိုင်းရယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ဆိုသည်။
”ကျွန်တော်တို့ မြင်နေတဲ့ အချက်တစ်ချက်က ဒီမူးယစ်ဆေးဝါးနဲ့ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာ ဒါကပူးတွဲပြီးပါလာတယ် ဒါကဟိုးနှစ်ပေါင်း များစွာကတည်း က ဖြစ်လာတဲ့ကိစ္စတွေဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ ဦးစိုင်းသီဟကျော်က ထပ်မံပြီးတချို့သောကိစ္စများသည် လူတိုင်းနီးပါးသိနေသည့် ကိစ္စဖြစ်သည့်အတွက်တိုင် ကြား ဖို့မလိုအပ်ကြောင်း၊ ရဲနှင့် အဆိုပါကိစ္စအား တာဝန်ယူရသည့် အာဏာပိုင်များသည် အဘယ်အတွက်ကြောင့် မသိနိုင်ပြီး အရေးယူမှုတစ်စုံတစ်ရာမရှိမှုသည် အဘ ယ့်ကြောင့်နည်းဟု သူက မေးခွန်းထုတ်သည်။ ဘိန်းအစားထိုးသီးနှံ စိုက်ခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ ယူအန်အိုဒီစီနှင့် ဆွေးနွေးခြင်း၊ မိမိတို့၏ အားနည်းချက် ပင်ဖြစ် ပါသ ည်စသော စကားလုံးများကြားတွင် တကယ့်အမှန်အကန် လုပ်ဆောင်မှုတို့က မည်မျှပါသည်ကို လက်ရှိအခြေအနေတို့က ရှင်းလင်းစွာ ညွှန်းဆိုပြနေသကဲ့သို့ ရှိနေပါသည်။ ”ကျွန်တော်တို့ဒေသမှာဆိုရင် ကျေး ရွာတွေမှာ အရမ်းကိုပြန့်နေတယ်၊ ပေါ် ပေါ်ထင်ထင်နီးပါးလောက်ကို ဖြစ်နေ တယ်၊ အလွယ်တကူရသလိုဖြစ်နေတယ်”ဟု ဦးစိုင်း သီ ဟကျော်က ၎င်းဒေသမှ အ ဖြစ်အပျက်ကို ပြောပြသည်။

ကချင်ပြည်နယ်ရှိ အစိုးရဆေးဖြတ်စခန်းတွင် ဆေးကုသနေသော လူငယ်များ
နိုင်ငံတကာ မီဒီယာနှင့် ကုလအဖွဲ့အစည်းများ၏သုံးသပ်ချက်အရဆိုလျှင် မြန်မာတွင် မူးယစ်ဆေးပြဿနာအတွက် တိကျရေရာ ခိုင်မာသောအဖြေ မရှိသေး။အကြော င်းကြောင်းကြောင့်  မူးယစ်တိုက်ပွဲသည်  အဘက်ဘက်ကကျရှုံးလျက်ရှိနေပါသေးသည်။ တိုင်းရင်းသားလက် နက်ကိုင်များနှင့် တိုက်ပွဲများကြောင့်  မငြိမ်သက်သေးေ သာ ဒေသများသည် အဓိကဘိန်းစိုက်ပျိုးရာဒေသများ ဖြစ်နေသေးသည်။ ထို့ပြင်စီးပွားရေး တွက်ခြေကိုက်မှုအရ ဘိန်းစိုက်တောင်သူများအဖို့ ထိုအဆိပ်ပင်များကိုသာ ဆက်လက်ရေလောင်းနေရဆဲ အခြေအနေ။
ဘိန်းစိုက်ပျိုးမှု နောက်ဆက်တွဲဆိုးကျိုးဖြစ်သော စိတ်ကြွမူးယစ်ဆေးများ စီးဆင်းမှုကိုလည်း မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမျှ ထိထိရောက်ရောက် မဖြတ်ေ တာက်နိုင်သေး။ စိတ်ကြွဆေးပြား မည်ရွေ့မည်မျှ ဖမ်းဆီးမိသည်၊ မည်သူတို့ကို မည်သို့အ ရေးယူလိုက်သည် ကိုသာ မြင်တွေ့ကြား သိနေရသည်။ ကွင်း ဆက် တစ်ခု လုံး ကို ဖော်ထုတ် နိုင်သည်ဟူ၍ကား မကြားမိသေး။ ကွင်း ဆက်မပြတ်သရွေ့တော့ လည်ပတ်မှုမပြတ် နိုင်သေး။ သို့ဆိုလျှင် အများပြည်သူကြား မူး ယစ်ပညာပေးမှုကို အရှိန်မြင့် လုပ်ဆောင် ပေးခြင်းကအကျိုးရှိမည်လား မေးခွန်းထုတ်စရာပင်။ စဉ်းစားသင့်သော အကြောင်းတရား တစ်ခုဖြစ်သော်ငြား ယင်းသည် ပိုစတာ တစ်ခုထက် မပိုေ သးသည်ကို ကျောင်းဘေးနားက ကွမ်းယာဆိုင်များက သက်သေခံနေကြသည်။
ဤအခြေအနေအတိုင်းဆိုလျှင် မြန်မာနိုင်ငံသည် မူးယစ်တစ္ဆေ၏ ခြိမ်းခြောက်မှုဒဏ်ကို တွန်းလှန်နိုင်ခြေမရှိ၊ လည်စင်းခံရုံသာ ရှိရတော့မည်လား။ အဆိုးကျော့ သံသရာ တွင်း တဝဲလည်လည် နှင့် ထွက်ပေါက်မဲ့အဖြစ်များ၊ မျှော်လင့် ချက်မဲ့ဘဝများကိုသာ လက်ခံထားရတော့ မည်လား။ မူးယစ်နွံတွင်း တစ်ခါခြေကျွံရုံနှင့်  အနာဂတ်လူ ငယ် များကို ကျွန်တော်တို့  ဘေးဖယ်ထားရတော့မည်လား။ အသစ် တစ်ဖန် ပြန်လည်ရှင်သန်ခွင့် မရနိုင်တော့ ဘူးလား။
စွမ်းသူများလည်းရှိ ရှိသူများလည်းစွမ်းကြစေ
နိုင်ငံကျော် ဂစ်တာသမားဖြစ်သော ချစ်စမ်းမောင် (IC) ၏ ယောက္ခမဖြစ်သူ သိက္ခာတော်ရဆရာ ”ဒေးဗစ်ယုံမော” ကတော့ မူးယစ်နွံမှ လွတ်မြောက်နိုင်ခဲ့ရုံမက မူးယစ်ေ ဆးစွဲလူငယ်များ၏ ဘဝတစ်ဖန်ပြန်လည်ရှင်သန်ခွင့်ရရေးအတွက် လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏သမီးဖြစ်သူ ဒေါက်တာ ခင်ခင်မိုးက ”ကျွန်မဖခင်ကြီးက မူးယစ်ဆေး အလွန်အကျွံဆေးသုံးစွဲမှုကနေ အသည်းရောဂါရရှိပြီး ဆေးကုသမှု ခံယူခဲ့ရတယ်။ ဘုရား သခင်ကျေးဇူးတော်ကြောင့် ရောဂါပျောက်ကင်းပြီး ဆေးရုံကဆင်းခွင့်ရရုံသာမက သူ့လို မူးယစ်ဆေးစွဲလူငယ်တွေကို ပြုစုပျိုးထောင်တဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တယ် ”ဟု ဆိုသည်။
သိက္ခာတော်ရဆရာ ”ဒေးဗစ်ယုံမော”သည် ၁၉၇၄ ခုနှစ်တွင် Myanmar Young Crusaders ဟူသော အမည်ဖြင့် မူးယစ်ဆေးစွဲလူငယ်များ အကျင့်စာရိတ္တ ပြုပြင်ခြင်း စင်တာကို စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်ထိ ပီပီပြင်ပြင်လည်ပတ်နေဆဲ ဖြစ်သည်။ ”လက်ရှိမှာတော့ မူးယစ်ဆေးစွဲလူငယ် ၇ဝ ကို လက်ခံထားပါတယ်၊ အဓိက သုံးစွဲကြ တာကတော့ ဘိန်းဖြူ၊ ဘိန်းမည်း နဲ့ WY စိတ်ကြွဆေးပြားတွေပါ”ဟု စင်တာကို လက်ရှိဦးဆောင်နေသော ဒေါက်တာခင်ခင်မိုးကပြောပြီး အရက်ဖြတ်လိုသူ အချို့လည်း လာရောက်ကြကြောင်း ဆိုသည်။
တစ်နိုင်ငံလုံးတွင် အစိုးရက ဖွင့်လှစ်ပေးထားသော မူးယစ်ဆေးစွဲကုဌာနကြီး ၂၆ ခု၊ ဌာနငယ် ၄၇ ခုရှိသည်ဆိုသော်ငြား မလုံလောက်သေး။”မူးယစ်ဆေးသုံးစွဲတဲ့သူတွေ ပိုများလာတယ်။ အဲ့ဒီအတွက် ဆေးရုံမှာ လာဖြတ်တဲ့သူတွေလည်းများလာတယ် ”ဟု စိတ်ကျန်းမာရေး အထူးကုဆေးရုံ( ရွာ သာကြီး)မှ မူးယစ်ဆေးဝါး တလွဲသုံး မှုကာ ကွယ်ရေးနှင့် ထိန်းချုပ်ရေး မန်နေဂျာ ဒေါက်တာလှဌေးက ပြောသည်။
အစိုးရဆေးဖြတ်ဌာနများ၌ မူးယစ် ဆေးဖြတ်ပေးရာတွင် ဆေးဆိပ်ဖြေကုသ ပေးခြင်း၊ ဘိန်းကဲ့သို့ပင် အာနိသင်ရှိသော ဓာတုမက်သာဒုံးဆေးရည် အစားထိုးကု သပေးခြင်း စသောနည်းတို့ကို အသုံးပြုသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့်ပင် ယင်းအပေါ်အသုံးချမည့်သူများလည်း ရှိလာတတ်သည်ကို တွေ့ရသည်။
”အပြင်မှာ ဖမ်းဆီးမှုများလာလေလေ၊ ဆေးရုံမှာ ဆေးလာဖြတ်တဲ့သူ များလာလေလေပဲ”ဟူသော ဒေါက်တာလှဌေး၏စကားက ယင်းကို အတည်ပြုပေးနေ သလို ယင်း အတွေ့အကြုံရှိခဲ့ဖူးသော သူတို့၏ဖြစ်ရပ်တို့လည်း သက်သေခံနေကြသည်။ ”အပြင်မှာ သွားဖို့မလွယ်ဘူး။ ပိုက်ဆံလည်း ရှာရခက်နေပြီဆို အဲ့ဒီအထဲသွား သုံးကြတာပဲ။ အထဲမှာ ဘယ်သူမှ လာမဖမ်းဘူးလေ”ဟု ရွာသာကြီး စိတ်ကျန်းမာရေးအထူးကုဆေးရုံသို့ အရက်ဖြတ်ရန်သုံးကြိမ်မက သွားရောက်ဖူးခဲ့သူတစ်ဦးက ပြောသည်။
ဆေးစွဲသည့်ဒုက္ခကို သုံးစွဲသူတိုင်းက သိကြသော်လည်း မသုံးစွဲရမနေနိုင်သော ”ယင်း”ဆိုသော သဘောသဘာဝကြောင့် အဆိုးသံသရာထဲတွင် နစ်မွန်းနေကြရ သည်က များသည်။ အချို့ စိတ်ဓာတ်အ နည်းငယ်ကြံ့ခိုင်သောသူများက ကိုးကွယ်ယုံကြည်ရာ ဘာသာတရားလမ်းညွှန်မှုဖြင့် စွဲလန်းမှုကို လျှော့ချနိုင်ပြီး ပုံမှန်ဘဝပြန်ရ ကြသည် လည်း ရှိသည်။ မူးယစ်မှုဖြင့်ထောင်ကျခဲ့ရပြီး ထောင်တွင်း၌ ဝိပဿနာကို ကျင့်ကြံကာ မူးယစ်ဆေးကို အနိုင်တိုက်နိုင်ခဲ့သော ပန်းချီခင်မောင်နီ၏ဖြစ်ရပ်တို့ကလည်း ယင်း ကို သက်သေခံနေပါသည်။
”ဝင်သက်၊ ထွက်သက်ကို သတိထားကြည့်ရင်းနဲ့ပဲ ကိုယ်ဘာကို စွဲလမ်းနေလဲဆိုတာသိလာတယ်။ အဲ့ဒီလို အသိဝင်လာတာနဲ့အမျှ စွဲလမ်းမှု တဖြည်းဖြည်း လျော့ ကျလာခဲ့ တယ် ”ဟု  ပန်းချီ ခင်မောင်နီက ၎င်းအတွေ့အကြုံကို ပြောပြသည်။ ဝိပဿနာအကျင့်အကြံကြောင့်ပင် အာရုံစူးစိုက်မှုတို့ ပြန်လည် အားကောင်း လာခဲ့ပြီး ယခုအခါ တန်း ဝင်ပန်းချီဆရာအဖြစ်သို့ပင် တက်လှမ်းလာနေနိုင်သော သူ့ဖြစ်အင်က အားကျအတုယူဖွယ် ဖြစ် သည်။
အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းမှ Kachin Baptist Convention က  ဦးစီးသော မူးယစ်ဆေးဖြတ်စခန်းတစ်ခုတွင် မူးယစ်ဆေးဖြတ်ရန် ကြိုး စားနေသော လူငယ်များ၏ ခရစ်ယာန် ဓမ္မတေးသီဆိုနေသော သွင်ပြင်သည် အသက်ဝင်လွန်းလှသည်။ သူတို့မှာ ဘာဆေးဝါးမှမရှိ။ ယုံ ကြည်မှုတစ်ခုသာ ရှိသည်။ ထိုသို့ေ သာအကြောင်းများကြောင့်  တစ်နိုင်တစ်ပိုင် လူမှုအခြေပြု၊ ဘာသာရေးအခြေပြု ပြန်လည်ထူထောင်ရေး စခန်းများ၏ မူးယစ်ဆေးဖြတ်ပေးသော နည်းလမ်းများသည် အစိုး ရဆေးဖြတ်ဌာနများ၏ နည်းလမ်းများနှင့်မတူ။
”သူတို့ကို ဓာတုဆေးဝါးအကူအညီ နဲ့ မကုသပေးပါဘူး။ ဘုရားသခင်ဆီမှာ ဆုတောင်းပေးတာ။ ဘုရားသခင် နှုတ်ကပါတ်တော် စကားဖြစ်တဲ့ သမ္မာကျမ်းစာ ကို နှလုံး သွင်းပေးခြင်းနဲ့ပဲ သူတို့ကို ပြုပြင်ပေးပါတယ်”ဟု ဒေါက်တာခင်ခင်မိုး က ပြောသည်။ သူမဦးဆောင်သော မူးယစ်ဆေး ဖြတ်စင်တာသို့ လာရောက်သူအများစုမှာ မူးယစ်ဆေးဖြတ်ရန် ကြိုးစားခဲ့ဖူးပြီး မအောင်မြင်သောကြောင့် ရောက်လာကြခြင်းဖြစ်သည်ဟု သူမကဆိုသည်။ မူးယစ်ဆေးကို တွန်းလှန်လိုသော စိတ်အခံရှိကြ သူ များဖြစ်ရာ ဘာသာတရား၏ အဆုံး အမက ပိုထိရောက်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့အတူ ဆေးပြတ်ပြီး လူငယ်များ၏ ၇ဝ % ခန့်မှာ ရာသက်ပန် ဆေးပြတ် သွားကြပြီး အနည်းစုသာလျှင် ပြန်သုံးစွဲ ဖြစ်ကြသည်ဟု သူမက ဆိုသည်။ ”အိမ်က အုပ်ချုပ် တဲ့နည်းမှားလို့ ပြန်သုံးတာလည်း ပါပါတယ်။ သူတို့ကိုအထင်အမြင်သေးစွာ ဆက်ဆံတာ၊ လူရာမသွင်းတာမျိုးပေါ့။ သူတို့ကို လက်တွဲမခေါ်လို့ မရဘူးဆိုတာ ကို ပြော ချင် တယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)မှ မန်နေဂျာဖြစ်သူက ဆိုသည်။
မြန်မာသည် အကြောင်းကြောင်းကြောင့် မူးယစ်တိုက်ပွဲတွင် ကျရှုံးနေရပါသည်။ သို့သော် နိုင်ငံ့အနာဂတ်အတွက် မြန်မာသည် ဤမနိုင်သောတိုက်ပွဲကို တိုက်နေရ မည် သာ။ အားလုံးပါဝင်ရန်သာလိုသည်။ တစ်နေ့တွင် အမှန်တရားအောင်ပွဲခံနိုင်ပါလိမ့်မည်။ ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ထုတ်လုပ်မှု၊ သုံးစွဲမှုစသော ထိုးနှက်မှုများကြားက မူးယစ် သားကောင် ဖြစ်နေရရှာသူများအတွက်  အစိုးရနှင့်အရပ်ဘက် မူးယစ်ဆေး ဖြတ်စခန်းများစင်တာများ အားလုံးနည်းပေါင်းစုံဖြင့် ကြိုးစားလုပ်ဆောင်ပေးနေပါသည်။ သို့ေ သာ် အားလုံးပါဝင်ရန် လိုသည်။ အဘယ့်ကြောင့်ဆိုသော် အားလုံး၏အနာဂတ်နှင့် သက်ဆိုင်နေသော ကြောင့် ဖြစ်သည်။
”အားလုံး ပူးပေါင်းပါဝင်မယ်ဆို မထိရောက်စရာအကြောင်း မရှိပါဘူး”ဟု ဒေါက်တာခင်ခင်မိုးက မှတ်ချက်ပြုသည်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons