Monday, June 30, 2014

မီးပွိုင့်များတွင် တောင်းရမ်းနေသူများကို စီမံချက်ဖြင့် ဖမ်းဆီး


 မန္တလေးမြို့တွင်း မီးပွိုင့် များတွင် တောင်းရမ်းနေသူများ ကို စီမံချက်ချကာဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၈ရက်က မန္တလေးမြို့လယ် ၇၈လမ်းနှင့် ၃၅လမ်း ထောင့်ရှိ မီးပွိုင့်တွင် တောင်းရမ်း နေသူ(၁၃)နှစ်နှင့် (၂)နှစ်အရွယ် ကလေးနှစ်ဦးအား လူမှုဝန်ထမ်းပို့ ဆောင်ပေးခဲ့ကြောင်း၊အနာကြီိး ရောဂါသည်တစ်ဦးအား ရေနံ့သာ ဆေးရုံသို့
ပို့ပေးခဲ့သည်။ ထို့အ ပြင် ကလေးငယ်များအားပိုက်ဆံ တောင်းရမ်းခိုင်းရန်အတွက် ဆိုင် ကယ်ဖြင့်လိုက်ပို့ပြီး ကိုယ်တိုင် လည်း လိုက်လံတောင်းခံနေသူ သုံးဦးကို  အမှတ်(၉)ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်အရေးယူ ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန   ဌာနခွဲမှူးဦးစိုး တင့်အောင်ကပြောသည်။

‘‘ယာဉ်ထိန်းကနေဖုန်းဆက် ပြောလို့ ဖမ်းလိုက်တာပါ။ နောက် ထပ်လည်း ကိုယ်တိုင်တောင်းတဲ့ သူတွေရော တောင်းခိုင်းတဲ့သူ တွေကိုပါ ဖမ်းသွားမယ်’’ဟု ဌာန ခွဲမှူးကပြောသည်။ ယခင်က လည်း မန္တလေးစည်ပင်က တောင်း ရမ်းစားသောက်နေသူများကို လူမှုဝန်ထမ်းဌာနများသို့ ပို့ဆောင် ပေးခဲ့သော်လည်း ပြန်လည်ထွက် ပြေးခြင်းများပြုလုပ်ခဲ့ကြသည်ဟု ဌာနမှူးကဆိုသည်။

မန္တလေးမြို့ရှိ မီးပွိုင့်များတွင် သာမက မြို့လယ်လမ်းများနှင့် စားသောက်ဆိုင်များတွင်ပါလိုက် လံတောင်းရမ်းနေသူများကို လည်း အရေးယူသင့်သည်ဟု မန္တ လေးမြို့ခံအချို့ကဆိုသည်။

‘‘အလှူခံငွေဖလားတွေနဲ့ စ တစ်ကော်လံအင်္ကျီတွေနဲ့ အား ကောင်းမောင်းသန်တွေ၊ ပိုက်ဆံမ ပေးရင် ခုပဲထချတော့မယ့်ပုံစံနဲ့ တောင်းတာ။ စားသောက်နေရင်း လည်းမရှောင်ဘူး။ ဇွတ်လာ တောင်းတာ။ အဲဒါမျိုးတွေလည်း ပပျောက်စေချင်တယ်’’ဟု မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၃လမ်းတွင်နေထိုင်သူကိုစည်သူ အောင်ကဆိုသည်။

မန္တလေးမြို့လယ် ဘူတာကြီး နှင့် ဈေးချိုတစ်ဝိုက်တွင်လိုက်လံ အလှူခံနေသည့် အဖွဲ့အစည်းများ အား ချမ်းအေးသာစံမြို့နယ် သံ ဃနာယကအဖွဲ့က   သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ ထောက်ခံချက်ပါ၊ မပါစစ်ဆေးနေပြီး မပါရှိပါက အလှူခံခွင့်မပြု ကြောင်း၊ ထို့အပြင် သာသနာညှိုး နွမ်းအောင်အလှူခံနေသူများကို လည်း စစ်ဆေးအရေးယူနေ ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့မှ သတင်းရ ရှိသည်။

By ညီညီဇော်

7DAY DAILY

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons