
ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ ခရီးသည်တင်ယာဉ် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များ ပိုမိုများပြားလာသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့်
လုပ်ဆောင်သွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
“ကြားကားတွေက တရားဝင်မောင်းခွင့် နဲ့ လိုင်းဆွဲနေတာ မဟုတ်ဘူး။ တရားလည်း မ၀င်ဘူး။ အခွန်လည်း ဆောင်စရာမလိုတဲ့ အတွက် အမြတ်အစွန်းပိုရတယ်။ မှောင်ခို ဆွဲတဲ့သဘောဖြစ်နေတယ်”ဟု ပြောသည်။
၂၀၁၄ ခုနှစ်မှစတင်ပြီး ယာဉ်စည်ကမ်း ထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့ဖွဲ့စည်းကာ လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ် (ကြားကား)များအဖြစ် ပြေးဆွဲမှုများ ပိုမို များပြားလာသည့်အပြင် အဆိုပါအဖွဲ့ကလည်း ဖမ်းဆီးရမိမှု များပြားလာသည့် အတွက် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုလိုခြင်းဖြစ်သည်။
ဇွန်လတတိယပတ်မှစတင်ပြီး အဆိုပါလုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသည့် ကြားကားများကို အဖွဲ့ကိုးဖွဲ့က ဖမ်းဆီးအရေးယူမှုများခဲ့ရာ ရက်သတ္တပတ်အတွင်း ၂၄ စီး ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားသည်။
နန်းမြင့်
Mizzima - News in Burmese



Myanmar Kyat Converter
11:56 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment