ထိုသို. အော်ဟစ် ဆဲဆိုနေသူမှာ သူကိုယ်သူ ဗိုလ်ကြီးနိုင်လင်းဝင်း ဟု
ပြောဆိုလျက် လ ပ ခ ( အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ) ၊အမြောက်တပ်မှဟု လည်းပြောဆိုကြောင်း သိရပါသည်။ ထိုသူသည် နောက်မှဝင်ရောက် တိုက်သောကားမောင်းသူ ဖြစ်ကြောင်းလည်း သိရပါသည်။
အရက်သေစာမူးယစ်နေပြီး ၄င်းမှ "ရဲတွေ အဆင့် မရှိဘူး။ ရဲတွေ ငွေပေးရင်ရတယ်၊ မင်းတို့  အဆင့် နဲ့ ငါ့ကို ပြောလို့ မရဘူး၊ ငါ့ ရှေ့ နေ နဲ့ ပြောဟုဆိုကာ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲကို လက်ညိုးငေါက်ငေါက်ထိုးပြောဆိုနေခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောဆိုပါသည်။
ထိုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မျက်မြင်သက်သေတစ်ဦးမှ" တပ်မတော်မှ တာဝန်ရှိ လူကြီးများ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံး မပုပ်စေချင်ရင် ယခုလို တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲ
တစ်ယောက်အပေါ် လူအများရှေ.တွင် ဆဲဆိုစော်ကားနေမှုမျိုးအား ထိထိရောက်ရောက် အရေးယူသင့်ကြောင်း" ဝေဖန်ပြောဆိုခဲ့ ကြောင်းသတင်းရရှိပါသည်။
သတင်းဓါတ်ပုံ- အရည်ကြို ( မန္တလေးမြို. )
Tomorrow



Myanmar Kyat Converter
8:50 PM
New Lover

Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment