
ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD ရုံးတွင် လက်မှတ်ရေးထိုးကြစဉ်၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ
၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်
ရေး သဘောထား ဆန္ဒ လက်မှတ်ထိုးထားသူ စုစုပေါင်း ၃ သန်း ကျော်သွားပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD
ပါတီက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကောက်ခံဖို့ စီစဉ်ထားတာမှာ အခု ချိန်ထိ တိုင်းနှင့် ပြည်နယ် ၁၄ ခုဆီက ရရှိ ထားပြီး သား လက်မှတ်ထိုးစာရင်းမှာ ၃ သန်းကျော် ရှိနေပြီဖြစ်တာကို ထုတ်ပြန်ခဲ့တာပါ။
ဆက်လက်ပြီးတော့လည်း ဖွဲ့စည်းပုံ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒ ပြု လက်မှတ် ကောက်ခံမှုကို NLD ၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းကာ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေလည်း နိုင်ငံတွင်း လှည့်လည်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်
ရေး လူထုဟောပြောပွဲတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
အိမ့်သံစဉ် ~



Myanmar Kyat Converter
8:29 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment