
သုံးစွဲသူ(၇)သိန်းနီးပါးအပေါ်မှာ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းထွေထွက်ပေါ်ပြီးတဲ့နောက်မှာ facebook ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ facebook ဟာသုံးစွဲသူတွေရဲ့ News Feed စာမျက်နှာကိုသုံးစွဲသူတွေရဲ့ တုံ့ပြန်မှုခံစားချက်တွေအပေါ် စမ်းသပ်ဖို့အတွက်
စနစ်တကျပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ သုံးစွဲသူတွေရဲ News Feed တင်မှုအလေ့အထတွေကို ခံစားချက်ကနေတစ်ဆင့် ပြောင်းလဲနိုင်မလားလို့ ဆိုတဲ့လေ့လာမှုကို အမေရိကန်တက္ကသိုလ်နှစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
facebook ကုမ္ပဏီကတော့ ဒီစမ်းသပ်ချက်မှာမလိုအပ်ပဲနဲ့ သုံးစွဲသူတွေရဲ့အချက်အလက်ကို စုဆောင်းခဲ့ခြင်းမရှိဘူးလို့ ပြန်လည်ငြင်းဆိုထားပါတယ်။ ဒါ့အပြင်တစ်ဦးတစ်ယောက်ရဲ့ အကောင့်အပေါ်မှာ စုဆောင်းထားတဲ့ အချက်အလက်အသုံးပြုပြီး ထိန်းချုပ်ထားတာမျိုးလည်း မလုပ်ခဲ့ဘူးလို့လည်း ငြင်းဆိုထားပါတယ်။ အဆိုပါစမ်းသပ်ချက်မှာ ဆန်ဖရန်စစ်စကိုအခြေစိုက် ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့ ကော်နယ်လ်တက္ကသိုလ်တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ သုံးစွဲသူတွေကတော့သုံးစွဲသူတွေကိုအသိမပေးဘဲနဲ့ ပြုလုပ်ခဲ့တဲ့စမ်း သပ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုတွေကို အပြင်းအထန်ဝေဖန်နေကြပါတယ်။
(၂၀၁၂)ခုနှစ်မှာတစ်ပတ်ကြာ လျှို့ဝှက်လုပ်ကိုင်ခဲ့တဲ့ ဒီစမ်းသပ်ချက်မှာသုံးစွဲသူ(၆၈၉၀၀၀)ကို အသုံးပြုပြီးစစ်တမ်းယူခဲ့တာဖြစ်ပြီး စမ်းသပ်ချက်အရ News Feed မှာအနှုတ်လက္ခဏာဆောင်တဲ့ အကြောင်းအရာတွေသိပ်မရှိရင် ကိုယ်တိုင်လည်းအနှုတ်လက္ခဏာဆောင်တဲ့ Post မျိုးတွေတင်တာ ပိုနည်းတယ်လို့သိရှိရပါတယ်။ facebook မှတာဝန်ရှိသူတစ်ဦးကတော့ ဒီစမ်းသပ်ချက်ကို တရားဝင်ကြေငြာမှုမလုပ်ခဲ့တာကို ၀န်ခံပြီးတော့အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။



Myanmar Kyat Converter
8:44 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment