
လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် Freedom of Opinion and Expression နှင့်
စပ်လျဉ်းပေးအပ်သော အီတလီနိုင်ငံ ဆာလာ ဘာဂန်ဇာမြို့၏
ဂုဏ်ထူးဆောင်မြို့သားဆုကို ယူနတီဂျာနယ်
သတင်းထောက်လေးဦးနှင့်အမှုဆောင်အရာရှိချုပ်တို့ လက်ခံရယူကြရမည်ဖြစ်ကြောင်း
တရားစွဲဆို ခံထားရသည့် သတင်းထောက် ကိုလူမော်နိုင်၏ဇနီးထံမှ သိရသည်။
လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟု ယူဆရသည့်
အဆောက်အအုံကို မကွေးတိုင်း ပေါက်မြို့နယ်တွင် တည်ဆောက်ထားသည်ဟူသော
သတင်းဖော်ပြချက်ကြောင့် အဆိုပါ သတင်းကို ရေးသားသူ ကိုလူမော်နိုင် အပါအဝင်
သတင်းထောက်သုံးဦး၊ ဂျာနယ်၏အမှုဆောင် အရာရှိချုပ်တို့အား ယခုနှစ်
ဖေဖော်ဝါရီလက ဖမ်းဆီး ထိန်း သိမ်း ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အစိုးရလျှို့ဝှက်ချက်များ
အက်ဥပဒေဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် ၎င်းတို့ ငါးဦးကို အီတလီနိုင်ငံမှ
ဂုဏ်ထူးဆောင်မြို့သားဆုပေး အပ်ရန် ရွေး ချယ် ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၄
ရက်နေ့က အတည်ပြုကာ
အီးမေးလ်မှတစ်ဆင့်အကြောင်းကြားစာပေးပို့လာခြင်းဖြစ်ကြောင်း ကိုလူမော်နိုင်၏
ဇနီးဖြစ်သူ မလွင် လွင်မြင့် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ကြေညာစာတမ်းအပိုဒ် ၁၉ ပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို
ပိုမိုခိုင်မာစွာရရှိစေရန်လုပ်ဆောင်ခဲ့သည့် အဆိုပါ ပုဂ္ဂိုလ်များ၏
လုပ်ဆောင်မှုများအတွက် အဆိုပါဂုဏ်ထူးဆောင်ဆုကို ပေးအပ်ခြင်းဖြစ်ကြောင်း
ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ်စတီနာ မာယူစီက အကြောင်းကြားစာတွင် ထည့်
သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ
(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးကမူ ယင်းသို့ ဆုပေးအပ်ခြင်းမှာ
အီတလီနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ တရားရင် ဆိုင်နေရသည့် သ
တင်းစာဆရာများကို အစိုးရမှ ထောင်ဒဏ်ချမှတ်ခြင်းမပြုစေရန်အတွက်
ဝင်ရောက်ရပ်တည်ပေးခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
”သူတို့တတ်စွမ်းတဲ့ဘက်ကနေ
ရပ်တည်ပေးတဲ့သဘောပါ။ နိုင်ငံတကာကတောင် ဒီလိုရပ်ပေးရင် ပြည်တွင်းက
မီဒီယာသမားတွေ ပြည်သူတွေက ပိုပြီး ရပ် တည်ပေး သင့်ပါတယ်”ဟု ဆိုသည်။
အီတလီနိုင်ငံမြောက်ပိုင်း ဆာလာဘာဂန်ဇာမြို့တော်မှ ပေးအပ်မည့် အဆိုပါ
ဂုဏ်ထူးဆောင်မြို့သားဆုတွင် အီတလီနိုင်ငံသို့ လာရောက် လည် ပတ်ခွင့်၊
အီတလီနိုင်ငံ၏အကြီးအကဲ ခေါင်းဆောင် ဆာလာဘာဂန်ဇာမြို့၏
မြို့တော်ဝန်တို့နှင့် တွေ့ဆုံညစာစားခွင့်၊ ဆွေးနွေးခွင့်တို့သာ
ပါဝင်ကြောင်း ကိုလူမော်နိုင်၏ ဇ နီးဖြစ်သူထံမှ သိရ သည်။
၎င်းဆုကို အီတလီနိုင်ငံမှ
ဘုန်းတော်ကြီးတစ်ပါးနှင့် အီတလီနိုင်ငံရောက်
မြန်မာဘုန်းတော်ကြီးတစ်ပါးတို့ကို သာတက်ရောက်ရယူခိုင်းထားသည် ဟုလည်း ၎င်းကဆို
သည်။ လာမည့် ဇူလိုင်လ ၁ဝ ရက်နေ့တွင်အမှုကို အပြီးသတ်အမိန့်ချမည် ဖြစ်ပြီး
မည်ကဲ့သို့ စီရင်ချက်ချမည်ကိုမူ ကြိုတင်မှန်းဆထားရန် ခက်ခဲကြောင်း၊ အမှုကို
လိုက် ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးရောဘတ်စန်းအောင်က ပြောကြားသည်။
သုတလင်း
0 မှတ်ချက်ပေးရန်:
Post a Comment